28 C
Yangon

ပုလဲမြို့နယ်ရှိ NUG ကြားကာလ ပညာရေးကျောင်း အပါအဝင် နေအိမ် ၁၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ပုလဲမြို့နယ်ရှိ NUG ကြားကာလ ပညာရေးကျောင်း အပါအဝင် နေအိမ် ၁၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ NUG ကြားကာလ ပညာရေးကျောင်းအပါအဝင် နေအိမ် ၁၁ လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း Pale Jokers PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပုလဲမြို့နယ်၊ အင်မထီးရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများ သည် အနီးအနားရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ ယမန်နေ့ ဖေဖော် ဝါရီလ ၁၈ ရက်နေ့က မင်းတိုင်ပင်ရွာရှိ NUG ကြားကာလ ပညာရေးစာသင်ကျောင်းဆောင် ၂ ဆောင်၊ ဆရာနားနေဆောင် ၁ ဆောင်နှင့် လူနေအိမ် ၈ လုံး၊ နှောရိုးကျေးရွာမှ နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီးပြီ ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“နေအိမ်နဲ့ကျောင်းကို မီးရှို့သွားတာ၊ ဓားစာခံဖမ်းခံရတာတော့မရှိဘူး၊ စစ်ခွေးတွေ စစ်ကြောင်းထိုးတာနဲ့ ပြည်သူတွေကို ဘေးလွတ်ရာဆီ အရင်ထုတ်ထားတာ၊ နှောရိုးရွာက ကျနာ်တို့ကာကွယ်ရေးတပ်ဖွဲ့တွေ အချိန်မီ မီးငြိမ်းနိုင်ခဲ့လို့ ၃ အိမ်ပဲလောင်သွားတာ၊ ထိပ်တိုက်ပွဲဖြစ်တာမျိုးတော့မရှိသေးဘူး။ အခု နွယ်အင်း ကျေးရွာကို စစ်ခွေးတွေ ရောက်နေတယ်” ဟု Pale Jokers PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း ကိုင်းတွင်းကျေးရွာမှ လူနေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထရန်စဖော်မာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည့်အပြင် ကျောက်ဖျာကန်ရွာအတွင်းသို့လည်း လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း Pale Entertainment ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အင်မထီးရွာ ပျူစောထီးစခန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အကြမ်းဖက်စစ်သားအင်အားထပ်ဖြည့်ကာ ဒေသခံရွာသား ပျူစောထီးများနှင့်ပူး ပေါင်းပြီး အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်း ထိုးခဲ့ရာ တုံးကန်ကျေးရွာ၊ နှောရိုးကျေးရွာ၊ မင်းတိုင်ပင်ကျေးရွာတို့မှ ပြည်သူ ၆ ထောင်ကျော်ခန့် ထွက် ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article