29 C
Yangon

ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာနှင့် ကိုင်းတွင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်

Must read

ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာနှင့် ကိုင်းတွင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာနှင့် ကိုင်းတွင်းရွာကို အကြမ်း ဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်သွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်းမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်မှ စစ်သားများက နံနက် ၁၁ နာရီခန့်တွင် ကိုင်းတွင်းကျေးရွာရှိ ထရန်စဖော်မာပုံးကို သေနတ်ဖြင့် ပစ် ခတ် ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကိုင်းတွင်းရွာမှ နွား ၅ ကောင်၊လှည်း ၂ စီးအပြင် ပြည်သူပိုင် ပစ္စည်းများကို လှည်း ၁၅ စီးဖြင့် ခိုးယူသွားကြောင်း သိရသည်။

ကိုင်းတွင်းရွာကို အကြမ်းဖက် စစ်တပ်က တတိယအကြိမ် မီးရှို့ခြင်းဖြစ် ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတိုင်ပင်ရွာ ကို ရောက်ရှိနေပြီး ဇီးဖြူကုန်း ပျူစောထီးများက မင်းတိုင်ပင်ရွာရှိ ပြည်သူ ပိုင်ပစ္စည်းများကိုလည်း သယ်ဆောင်သွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာတွင် အခြေချပြီး ဇီးဖြူကုန်း ပျူစောထီးစခန်းမှ ရိက္ခာ သယ်ယူကြကြောင်း၊ ယင်းနောက် ယနေ့ မွန်းလွဲပိုင်း မင်းတိုင်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ကျေးရွာများကို ယခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article