31 C
Yangon

ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာရှိ စစ်တပ်စခန်းကို PDF တပ်များ ဝင် ရောက်တိုက်ခိုက်မှုကြောင့် စစ်တပ် အထိနာ၊ ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်

Must read

ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာရှိ စစ်တပ်စခန်းကို PDF တပ်များ ဝင် ရောက်တိုက်ခိုက်မှုကြောင့် စစ်တပ် အထိနာ၊ ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာရှိ စစ်တပ်စခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်တပ် အထိနာပြီး ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန် ပေါက်မြို့နယ် ကုက္ကိုစုရွာ အတွင်းရှိ ပျူစောထီးများနှင့်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင် ရောက်ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၄ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ် နှင့်ပျူစောထီးများ အကျအဆုံးများသောကြောင့် စစ်တပ်က ရဟတ်ယာဉ် ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ပေါက်မြို့ အရှေ့မြောက်ဘက် ရွာတွေကို တိုက်လေယာဉ်နဲ့ နဲ့ဗုံးကျဲပါတယ် ။ ပျူစောထီးနဲ့စစ်တပ်စခန်း ကို သိမ်းနိုင်တယ်လို့သိရတယ်။ စစ်တပ်က ရဟတ်ယာဥ် ၂ စီးနဲ့ပစ်တယ်။ ပြည်သူတွေကတော့ ထွက်ပြေးနေကြတယ်။ ရွာကို ဘယ်သူမှ မပြန်ရဲကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article