36 C
Yangon

ပေါက်မြို့နယ်၊ သဖန်းချောက်ရွာကို စစ်တပ်က ဝင်​ရောက်စီးနင်းပြီး စားသောက်ကုန် ပစ္စည်းများနှင့် အိမ်မွေးတိရစ္ဆာန်များကိုပါ ဖျက်ဆီး သတ်ဖြတ် စားသောက်သွား

Must read

ပေါက်မြို့နယ်၊ သဖန်းချောက်ရွာကို စစ်တပ်က ဝင်​ရောက်စီးနင်းပြီး စားသောက်ကုန် ပစ္စည်းများနှင့် အိမ်မွေးတိရစ္ဆာန်များကိုပါ ဖျက်ဆီး သတ်ဖြတ် စားသောက်သွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သဖန်းချောက်ရွာကို အကြမ်းဖက် စစ်တပ်က စီးနင်းပြီး စားသောက်ကုန် ပစ္စည်းများကို ဖျက်ဆီးကာ အိမ်မွေးတိရစ္ဆာန်များပါ သတ်ဖြတ် စားသောက်သွားကြောင်း Successful Force – Pauk အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုလိပ်ပြာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ်၊ သဖန်းချောက်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များရှိ စားသောက်ကုန် ပစ္စည်းများကို ဖျက်ဆီးကာ ကျေးရွာအတွင်းရှိ ပြည်သူများ မွေးမြူထားသည့် တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်သွားကြောင်း သိရသည်။

“ရွာထဲကို ဝင်မွှေသွားတာ အတော်လေးဆိုးတယ်။ ကြက် ၁၃ ကောင်၊ ဝက် ၂ ကောင်နဲ့ ဆိတ် ၂ ကောင်ကိုလည်း သတ်ဖြတ် စားသောက်သွားတယ်။ ပြည်သူတွေ နေအိမ်တွေ အကုန်လုံးကို ဝင်မွှေပြီး စားသောက်ကုန် ပစ္စည်းတွေ ဆန်တွေ ပဲတွေ ဆီတွေ အကုန်လုံးကို ဖျက်ဆီးသွားတယ်။ အခုအချိန်မှာ စစ်ခွေး စစ်ကြောင်းက တောင်မြင့်ကျေးရွာ ခွေးအတွင်းကျေးရွာ၊ ကျားပစ်ကန်ကျေးရွာ အဲရွာ ၃ ရွာဆုံတဲ့ ဆေးပေါင်းရုံမှာ ရောက်ရှိနေပါတယ်” ဟု Successful Force – Pauk အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုလိပ်ပြာကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများအတွင်း စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၁၅၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article