32.1 C
Yangon

ပေါက်၊ ကုက္ကိုလ်စုရွာ စစ်စခန်းကို တိုက်ခိုက်မှု စစ်သား၁ ဦး သေဆုံး၊ မြ၀တီတွင်လည်း တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ မတ္တရာတွင် စစ်တပ်စခန်းနေရာကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

ပေါက်၊ ကုက္ကိုလ်စုရွာ စစ်စခန်းကို တိုက်ခိုက်မှု စစ်သား၁ ဦး သေဆုံး၊ မြ၀တီတွင်လည်း တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ မတ္တရာတွင် စစ်တပ်စခန်းနေရာကို ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာရှိ စစ်တပ်စခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး စစ်တပ်က ရ ဟတ်ယာဉ် ၂ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ် ဖွဲ့မှ တာဝန်ခံ စောထူးဝ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန် ပေါက်မြို့နယ် ကုက္ကိုစုရွာ အတွင်းရှိ ပျူစောထီးများနှင့်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင် ရောက်ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၄ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ် နှင့် ပျူစောထီးများ အကျအဆုံးများသောကြောင့် စစ်တပ်က ရဟတ်ယာဉ် ဖြင့်ပစ် ခတ် ခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။

“ပေါက်နယ် ကုက္ကိုလ်စုရွာမှာ စခန်းချနေတဲ့ စစ်ခွေးတွေကို MRTFနှင့် နဂါးနီ တပ် ပေါင်းစုမဟာမိတ်အဖွဲ့က ဝင်ရောက်စီးနင်းချေမူန်းတာမှာ မျက်မြင် စစ် သား ၁ ဦးသေဆုံးပါတယ်။ ထိခိုက်မှုတွေလည်းရှိနိုင်ပါတယ်။ ဝေဟင်က လာ ပစ်ပေမယ့် ကျနော်တို့လူတွေ အထိအခိုက်မရှိပါဘူး” ဟု တော်လှန်ရေး တပ်ဖွဲ့ တာဝန်ခံ စောထူးဝက ရှင်းပြသည်။

အလားတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန် ကရင် ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူး-ဝေါ်လေလမ်းပေါ်သို့ ဖြတ်သန်းသော စစ် ကောင်စီ တပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းက လုံခြုံရေး ယူထားသော ဖလူး-ဝေါ်လေလမ်းပေါ်သို့ ဖြတ်သန်းလာသော စစ်ကြောင်းကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ရာ တိုက်ပွဲအချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦး နှင့် အခြားအဆင့် ၁ ဦး သေဆုံးခဲ့ကာ စစ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိ ရသည်။

စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် နေထိုင် ခိုလှုံနေသော ပြည်သူ ၁ ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကော်ဘရာ စစ်ကြောင်းမှလည်း ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွာတော်ကြီးကျေးရွာ၊ ဘုန်းကြီး ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်း ပျောက် ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အဆိုပါ ဘုန်းကြီးကျောင်းတွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ ဒရုန်း ၂ စီးဖြင့် တပြိုင်တည်းဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်စစ်သား များသည် ဖေဖော် ဝါရီလ ၂၁ ရက်နေ့ ညပိုင်းတွင် ပိုဝတောင်ရွာသို့ ဝင်ရောက် တပ်စွဲ ထားကြောင်း သိရသည်။

ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တချို့။

Photo- ကော်ဘရာစစ်ကြောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article