36 C
Yangon

ပေါင်မြို့နယ်တွင် “PDF တွေကို ဂုတ်ဆွဲပြီးဖမ်းပြမယ်” ဟု ကြိမ်းဝါးထားသူ ပြည်သူ့ စစ် (သို့မဟုတ်) ပျူစောထီးခေါင်းဆောင် မြင့်ရီ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါင်မြို့နယ်တွင် “PDF တွေကို ဂုတ်ဆွဲပြီးဖမ်းပြမယ်” ဟု ကြိမ်းဝါးထားသူ ပြည်သူ့ စစ် (သို့မဟုတ်) ပျူစောထီးခေါင်းဆောင် မြင့်ရီ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် “PDF တွေကို ဂုတ်ဆွဲပြီးဖမ်းပြမယ်” ဟု ကြိမ်းဝါးထားသူ စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်(သို့မဟုတ်) ပျူစောထီးခေါင်းဆောင် မြင့်ရီ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.Fမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ ပေါင်မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ(ခ) ပေါပီကို S.O.F တပ်ဖွဲ့ဝင်များက ရင်းငြိမ်ကျေးရွာ၊ တောင်ဘက်ခြမ်း ငွေလျံလက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လက်ဖက်ရည်ဆိုင်အတွင်း အခြား ပျူစောထီး တပ်ဖွဲ့ဝင်များရှိနေသော်လည်း လက်နက်/ကျည်အားနည်းသည့်အတွက် တစ်ဦးသာရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ရှာဖွေသိမ်းဆည်းခွင့်မရခဲ့ကြောင်း၊ ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီသည် ဦးခေါင်း ၊ ရင်ဘတ် နှင့်ဆီးခုံတို့တွင် သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မြင့်ရီသည် လက်ရှိတွင် စစ်တပ်လက်အောက်ခံ ပျူစောထီး စစ်သင်တန်းပေးနေသူဖြစ်ပြီး စစ်တပ်လက်အောက်ခံ ရင်းငြိမ်ရဲစခန်းတွင် ညတိုင်းလုံခြုံရေးယူပေးနေကြောင်း၊ အကြမ်းဖက်စစ်တပ်နှင့်ပေါင်း၍ ရွာအတွင်းရှိလူငယ် ငါးဦးကို မတရားဖမ်းဆီးခဲ့ကြောင်း၊ အခြား CDM နှင့် လူငယ် ငါးဦးကိုလည်း အပြစ်မဲ့ဖမ်းဆီးပြီး ငွေကျပ် သိန်း ၈၀ စီဖြင့်ပြန်ရွေးခိုင်းခဲ့ကြောင်း၊ ၎င်းကို နန်းထိုက်အောင်စင်ဆင်ရေး အဖြစ် ရှင်းလင်းခြင်းဖြစ်ပြီး မြင့်နိုင်က “PDF တွေကို ဂုတ်ဆွဲပြီးဖမ်းပြမယ်” ဟု ကြိမ်းဝါးခဲ့သူဖြစ်ကြောင်း သိရှိရသည်။

“မြင့်ရီက သူ့သမီးမွေးနေ့လုပ်တုန်းကဆို သေနတ်ပစ်ဖောက်ပြီးလုပ်တယ်၊ အဲမှာလည်း ကြိုက်တဲ့ PDF တွေလာခဲ့၊ အကုန်သတ်ပစ်မယ် ဆိုပြီးရွာထဲလျှောက် ရမ်းကားသေးတယ်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.Fမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article