38 C
Yangon

ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ကြံ့ဖွတ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုကို လေး ပစ်ခတ်ခံရပြီး သေဆုံး၊ မတ္တရာနှင့် စဉ့်ကူးတွင်လည်း အုပ်ချုပ် ရေးမှူး နှင့် ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်သူတို့ ပစ်ခတ်ခံ ရပြီး သေဆုံး

Must read

ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ကြံ့ဖွတ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုကို လေး ပစ်ခတ်ခံရပြီး သေဆုံး၊ မတ္တရာနှင့် စဉ့်ကူးတွင်လည်း အုပ်ချုပ် ရေးမှူး နှင့် ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်သူတို့ ပစ်ခတ်ခံ ရပြီး သေဆုံး

ရန်ကုန်၊ဖေဖော်ဝါရီ ၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ကြံဖွတ်လွှတ်တော် ကိုယ်စား လှယ်လောင်း ဖြစ်သူ ကိုကိုလေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် မွန်ပြည်နယ်၊ ပေါင်မြို့ နယ်၊ ပေါင်းရပ်ကွက်၊ ဘူတာပိုင်းတွင် နေထိုင်သူ ပေါင်မြို့နယ် အုပ်ချုပ်ရေး မှူး လည်းဖြစ်၊ ပေါင်မြို့နယ် ကြံ့ဖွတ်ပါတီ ကိုယ်စားလှယ်လောင်းလည်းဖြစ်သူ ကိုကိုလေး (ခေါ်) မင်းကြီးကို အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F က ၄င်း၏ နေ အိမ်သို့ သွားရောက် ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ၂၀၂၀ ရွေးကောက်ပွဲ၏ ကြံ့ဖွတ်ကိုယ် စား လှယ် လောင်းဖြစ်သူ ကိုကိုလေးက စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူနှင့် လူငယ် များကို မတရားဖမ်းဆီးစေခြင်း၊ ငွေကြေးတောင်းခံခြင်းများအပြင် မြို့နယ် တွင်းရှိ အကြမ်းဖက်ပျူအဖွဲ့ဝင်များကို ငွေကြေးထောက်ပံ့၍ PDF နှင့်မိသားစုဝင်များအား ဖမ်းဆီးသတ်ဖြတ်သည်အထိ ဦးဆောင်နေ သူဖြစ် ကြောင်း သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် ကိုကိုလေးက ဦးဆောင်ကြိုးပမ်းနေသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် တွင်ပါဝင်သူများကိုပါ ဖမ်းဆီးနေကြောင်းသိရသည့်အတွက် နန်းထိုက် အောင် စစ်ဆင်ရေးအဖြစ် ပစ်မှတ်ထား ပစ်ခတ်ရာမှ သေဆုံးခြင်းဖြစ်ကြောင်း အထူး စစ်ဆင်ရေးတပ်ဖွဲ့-S.O.F ထံမှ သိရှိရသည်။

အထူးစစ်ဆင်ရေးအဖွဲ့-S.O.F အဖွဲ့က ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ကြံ့ဖွတ် အမတ်လောင်း ကိုကိုလေးကို ပစ်ခတ်သည့် ဗီဒီယိုကို https://t.me/khitthitnews/96648 တွင် ကြည့်ရှုနိုင်ပါသည်။

အလားတူ ဇန်နဝါရီလ ၂၉ ရက်နေ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့ နယ်၊ ညောင်နီပင်ရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီး ခေါင်းဆောင် လည်းဖြစ်သူ ပိုက်ဆောင်းကို စဉ့်ကူး ပြောက်ကျား မဟာမိတ် တပ်ပေါင်းစုက ပစ်ခတ်ရာမှ သေဆုံးခဲ့ပြီး လက်လုပ် သေနတ်နှင့် ကျည် ၁၀ တောင့် ဖမ်းဆီးရမိကြောင်း သိရှိရသည်။

“စဉ့်ကူးမြို့နယ်၊ ညောင်နီပင်ရွာတွင် ကြက်ဝိုင်းဒိုင်၊ ဂလုံးဂလုံးဒိုင် လုပ်နေသော စကစ အုပ်ချုပ်ရေးမှူး၊ ကျေးရွာ ပျူခေါင်းဆောင် ပိုက်ဆောင်းအား ကြက်ဝိုင်း လုပ်နေစဉ် ပစ်ခတ်ခဲ့သည်။ (9MM) လက်လုပ်သေနတ် အတိုတစ်လက်နှင့် (9MM) ကျည်(၁၀)တောင့် သိမ်းဆည်းရမိခဲ့သည်” ဟု စဉ့်ကူးနယ် ပြောက် ကျား မဟာမိတ် တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ထို့ပြင် ဇန်နဝါရီလ ၃၁ ရက်နေ့ မတ္တရာတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အတွက် သန်းခေါင်စာရင်းနှင့် လူဦးရေစာရင်း ကောက်ခံနေသူ လည်းဖြစ်၊ စစ် တပ် သတင်းပေးဟု စွပ်စွဲခံရသူလည်းဖြစ်သူ အောင်ကိုကို ပစ်ခတ်ရာမှ သေဆုံး သွားကြောင်း ကောင်းကင် တော်လှန်ရေး အင်အားစုက သတင်း ထုတ် ပြန် သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article