36 C
Yangon

ပေါင်းတည်တွင် PDF ၏ ပစ်ခတ်မှုကြောင့် သေဆုံးသော ရွာအုပ်ချုပ်ရေးမှူး နေရာ အစားဝင်သည့် အုပ်ချုပ်ရေးမှူးအသစ် PDF က ထပ်ပစ်၍ သေဆုံးပြန် ၊ ကြို့ပင်ကောက်တွင် ပျူစောထီးနေအိမ်ကို ဝင်စီးပြီး သတိပေး

Must read

ပေါင်းတည်တွင် PDF ၏ ပစ်ခတ်မှုကြောင့် သေဆုံးသော ရွာအုပ်ချုပ်ရေးမှူး နေရာ အစားဝင်သည့် အုပ်ချုပ်ရေးမှူးအသစ် PDF က ထပ်ပစ်၍ သေဆုံးပြန် ၊ ကြို့ပင်ကောက်တွင် ပျူစောထီးနေအိမ်ကို ဝင်စီးပြီး သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် တွင် PDF ၏ ပစ်ခတ်မှုကြောင့် သေဆုံးသော သပြေကြီးစုကျေးရွာ အုပ်ချုပ်ရေးမှူး နေရာ အစားဝင်သည့် အုပ်ချုပ်ရေးမှူးအသစ် မော်ကြီးသည် PDF တပ်များက ထပ်ပစ်၍ သေဆုံးသွားပြန်ကြောင်း ပေါင်းတည် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁၁ နာရီမိနစ် ၅၀ ခန့်တွင် ပေါင်းတည်မြို့နယ်၊ သပြေကြီးစု ကျေးရွာ အုပ်စု၊ ဇီးကုန်းလေးကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မော်ကြီး(ခ)မော်ဝင်းကို ပြည် ခရိုင် တပ်ရင်းအမှတ် ၃၆၀၁ ၊ တပ်ခွဲ ၅ နွေဦးအဖွဲ့က သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာမှ သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ပစ်ခတ်ခံရ၍ သေဆုံးသွားသော မော်ကြီး(ခ)မော်ဝင်းသည် ယခင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်း၍ သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီခန့် သပြေကြီးစု အုပ်ချုပ်ရေးမှူး မြဟန်၏နေရာတွင် အစားထိုးဝင်ရောက်၍ စစ်ကောင်စီ၏ဒေါက်တိုင်အဖြစ် လုပ်ဆောင်နေခြင်းဖြစ်သည်။

ပစ်ခတ်ရှင်းလင်းခံရသူ မော်ကြီး(ခ)မော်ဝင်းသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် အကြမ်း ဖက်စစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံခြင်း၊ လောင်းကစားဝိုင်းများကို လစဉ်ကြေးများကောက်ခံပေးခြင်း၊ ကျေးရွာပြည်လူထုအပေါ် စိတ်အနှောက် အယှက်အမျိုးမျိုးပေးနေခြင်းတို့ကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ နံနက် ၈ နာရီခွဲခန့်အချိန် ပဲခူတိုင်းအနောက်ခြမ်း၊ သာယာဝတီ ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ရုံးချောင်းအုပ်စု၊ သင်္ခရိုင်(ပျူစောထီး)ရွာဟု သတင်းထွက်နေသော ပျူ စောထီးခေါင်းဆေင်နေအိမ်အား ဝင်ရောက်စီးနင်းရာ ပျူစောထီးခေါင်းဆောင်ဝင်းထွန်းနှင့် သမက် ဖြစ် သူ မျိုးမင်းထွန်းအပါအဝင် အပေါင်းပါများသည် ထွက်ပြေးသွားကြောင်း Black Dragon (GBK PDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“ပျူစောထီး ခေါင်းဆောင် ဝင်းထွန်းနဲ့အဖွဲ့က နေ့စဉ်နေ့တိုင်းသေနတ်တွေဖောက် တယ်၊ သူတို့နဲ့မတည့် သူတွေကို ခြိမ်းခြောက်တယ်၊ စစ်ကေင်စီကို သတင်း ပေးတယ်လို့ ပြည်သူတွေရဲ့ တိုင်တန်းချက်အရ ဝင် စီးခဲ့တာ၊သူတို့ထွက်ပြေးသွားလို့ ဘာမှတော့မဖြစ်ခဲ့ဖူး၊မိန်းမနဲ့ကလေးတွေပဲ ကျန်ခဲ့တာ၊ သူတို့ကိုတော့ ဘာမှ မလုပ်ပဲ ပြောဆိုဆုံးမပြီး အေးဆေးပြန်ဆုတ်လာခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါစီးနင်းတိုက်ခိုက်မှုကို သာယာဝတီ ခရိုင် နတ်စစ်သည် တပ်ရင်း၃၈၀၁ တပ်ခွဲ ၂ Black Dragon (GBK Pdf) တပ်ခွဲ ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး နေအိမ်တွင် တွေ့ရှိသည့် အမျိုးသမီးနှင့် ကလေးငယ်များ သာ ကျန်ရစ်ခဲ့ကြောင်း၊ ထို့ကြောင့် တစ်စုံတစ်ရာ အန္တရာမပြုဘဲ ပျူစော ထီး ခေါင်းဆောင်နှင့်အဖွဲ့ဝင်တို့၏ မိသးစုများကို စစ်ကောင်စီသတင်းပေးမလုပ်ရန်၊ ပျူစော ထီးအဖွဲ့ ဖွဲ့၍ ရွာသားများအား ဖိနှိပ်ခြင်းကို နောက် နောင် ထပ်မလုပ်ရန်၊ ပျူစောထီးအဖွဲ့မှ နှုတ်ထွက်ရန် သတိ ပေးဟောပြောခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၇ ရက်နေ့ အုတ်ဖိုမြို့နယ် ကြို့ကိုးပင်‌အုပ်စု ကျွဲဖြူမကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီ၏ဒေါက်တိုင် ပျူစောထီးခေါင်းဆောင် သံချောင်းပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article