34 C
Yangon

ပဲခူးတိုင်း၊ ထန်းတပင်တွင် လူလာဖမ်းသည့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး၊ ကလေးမြို့တွင် အရက်ဆိုင်မှ ပြန်လာသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ပဲခူးတိုင်း၊ ထန်းတပင်တွင် လူလာဖမ်းသည့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး၊ ကလေးမြို့တွင် အရက်ဆိုင်မှ ပြန်လာသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် လူလာဖမ်းသည့် ရဲတပ်ဖွဲ့ကို PDF များက ကြားဖြတ်တိုက်ခိုက်ရာ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားကြောင်း PDF တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန် ထန်းတပင်မြို့နယ် နတ်ကျေးရွာမှ အမျိုးသမီး ၁ ဦးကို ဖမ်း ဆီး ရန် လာသော စစ်ကောင်စီလက်အောက်ခံ ရဲတပ် ဖွဲ့ကို မြွေပွေး တပ်ဖွဲ့က စောင့်ကြို တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ကျန်ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

“ရဲခွေးတွေလူလာဖမ်းတာကို စောင့်ပြီးပစ်တာ။ ရဲခွေးတွေက ဆိုင်ကယ်နဲ့ လူလာဖမ်းတာ။ ဆိုင်ကယ် ၇ စီးနဲ့ လာတာ။ ဒီနေ့ ညနေ၄နာရီလောက်။ နတ်ကျေး ရွာနဲ့ ကျီတော်ကျေးရွာ အကြားမှာ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲ ဖြစ် ပြီးခဏနေတော့ တပြေးစစ်စခန်း ၇၃ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရဲခွေးတွေက နတ်ရွာ မှာ ယောဂီဝတ်နေတဲ့ အဒေါ်ကြီးကိုလာဖမ်းတာကို ကျနော်တို့က စောင့်ပစ်တာ” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အရက်ဆိုင်မှ ပြန်လာသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း UGF -Kalay အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကလေးမြို့နယ်၊ မြို့ရှောင်လမ်းအနီးရှိ အရက်ဆိုင်မှ ကွန်ဂရက်လမ်းပေါ်သို့ အရက်မူးပြီး ပြန်လာသည့် အကြမ်းဖက် စစ်တပ်မှ စစ်သား ၃ ဦးကို UGF -Kalay အဖွဲ့မှ စောင့်ကြို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်သား ၃ ဦးကို UGF -Kalay အဖွဲ့က မီတာ ၁၂၀ အကွာမှ အနီးကပ် အသင့်စောင့်ဆိုင်းပြီး Sniper ဖြင့်ပစ်ခတ်ခဲ့ကာ စစ်သား ၁ ဦးထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျန် စစ်သား ၂ ဦးကို UGF-Kalay အဖွဲ့က M-16၊ M-4 သေနတ်တို့ဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ် ရာ ရရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅၀ ခန့် စစ်ကူရောက်ရှိ လာသောကြောင့် UGF-Kalay အဖွဲ့ကပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကလေးမြို့မှ PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article