31 C
Yangon

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် CDM မူလတန်းကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို စစ်တပ်က ပစ် ခတ် သတ်ဖြတ်

Must read

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် CDM မူလတန်းကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို စစ်တပ်က ပစ် ခတ် သတ်ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ တလိုင်းအိုင်ကျေးရွာအုပ်စု၊ ရွာလေးကုန်ကျေးရွာတွင် စစ်တပ်က CDM မူလတန်း ကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို ယနေ့ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း CDM ကျောင်းဆရာ ဦးမျိုးမင်းထိုက်သည် ကိစ္စတစ်ခုဖြင့် အပြင်သို့ သွားပြီး နေအိမ်ရှိရာ ရွာလေးကုန်ကျေးရွာသို့ ပြန်လာကြောင်း၊ ထိုသို့ပြန်လာစဉ် စစ်တပ်က CDM ကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲပိုင်းမှာ ဆရာလေး ကိုပု ခေါ် ဦးမျိုးမင်းထိုက်က ဆေးရုံက ပြန်လာတယ်။ အဲဒါကို စစ်တပ်က လှမ်းပစ်သတ်လိုက်တာ။ ဘာမှ အမေးအမြန်းမရှိဘဲ အကြောင်းမဲ့ ပစ်သတ်လိုက်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ယင်းသို့ စစ်တပ်က CDM မူလတန်းကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို ပစ်ခတ်သတ်ဖြတ်လိုက်သည့် အတွက် တလိုင်းအိုင်းကျေးရွာအုပ်စုမှ ပြည်သူ အများအပြား ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article