32 C
Yangon

ပြည်သူ့ ကာကွယ်ရေး တပ်မတော်​ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းများမှ ရဲဘော်များသို့ လက်နက်များ ပေးအပ်

Must read

ပြည်သူ့ ကာကွယ်ရေး တပ်မတော်​ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းများမှ ရဲဘော်များသို့ လက်နက်များ ပေးအပ်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၆

အမျိုးသားညီညွတ်ရေးအစိုးရ စစ်ဒေသခွဲအမှတ် ၃ ပြည်သူ့ကာကွယ်ရေးတပ်မတော်​၏ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းများမှ ရဲဘော်များထံသို့ လက်နက်များ တပ်ဆင်ပေးအပ်​ခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ၂ ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိ ပုဂ္ဂိုလ်များမှ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့မှ ရဲဘော်များထံ လက်နက်များ ပေးအပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် ၄ ချက်အား ရွတ်ဆို၍ သစ္စာအဓိဌာန်ပြုခဲ့ကြောင်း သိရသည်။

တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ၂ ရဲဘော်စောရှားက စစ်ဒေသခွဲအမှတ် ၃ အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ယခင် အကြမ်းဖက်စစ်ကောင်စီနှင့် ဖြစ်ပွားခဲ့သော ထိတွေ့ရင်ဆိုင်တိုက်ပွဲများတွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF စစ်ကြောင်းများနှင့် မဟာမိတ်များ ပူးပေါင်း ချိတ်ဆက်ကာ စစ်ရေးဖော်ဆောင်နိုင်ခဲ့မှုသည် Chain of Command အားကောင်းလာမှုကို ဖော်ညွှန်းနေပြီး စစ်ဆင်ရေးစီမံမျက်များကို အောင်မြင်စွာဖြင့် အကောင်ထည်ဖော်နိုင်ခဲ့ကြောင်း၊ စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကားများပြောဆို၍ အခမ်းအနားအစီအစဥ်အား အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့သည်ဟု သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်​၏ စစ်ကြောင်းများအား စစ်ဆင်ရေး ရည်မှန်းချက်များ အောင်မြင်စွာဖြင့် အ​ကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်​၏ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တောင်ညိုစစ်​ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းရှိ တိုက်ပွဲဝင်ရဲဘော်များထံသို့ လက်နက်များ အသီးသီးတပ်ဆင်ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article