32 C
Yangon

ဖယ်ခုံနှင့်ဖရူဆိုတွင် တိုက်ပွဲများဖြစ်‌ပြီး စစ်တပ်နှင့် လက်အောက်ခံ ပအိုဝ်း PNA တပ်ဖွဲ့ မှ ၁၀ ဦးသေဆုံး၊ လက် နက် ၈ လက်ရရှိ

Must read

ဖယ်ခုံနှင့်ဖရူဆိုတွင် တိုက်ပွဲများဖြစ်‌ပြီး စစ်တပ်နှင့် လက်အောက်ခံ ပအိုဝ်း PNA တပ်ဖွဲ့ မှ ၁၀ ဦးသေဆုံး၊ လက် နက် ၈ လက်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်နှင့် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် တို့တွင် တိုက် ပွဲ များ ဖြစ်ပြီး စစ်တပ်နှင့် လက်အောက်ခံ ပအိုဝ်း PNA တပ်ဖွဲ့မှ ၁၀ ဦး သေဆုံး ကာ လက်နက် ၈ လက်ရရှိကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟို သတင်း ထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်က ရှမ်းပြည်နယ်၊ ဖယ်ခုံ မြို့ နယ်တစ်နေရာတွင် KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်း ဖက် စစ် ကောင်စီတပ်၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ပူးပေါင်းတပ်တို့ ကြား ထိပ် တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ်နှင့် PNA ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင် ၉ ဦး သေဆုံးပြီး M 16 ၃ လက်၊ AK ၁ လက်၊ 9 MM ၄ လက်နှင့် ကျည်ဆန် များ ကို ကရင်နီတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ KA၊ KNDF၊ PDF ပူး ပေါင်း တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူအချို့ ရှိခဲ့ ကြောင်း သိရှိရ သည်။

“ပအိုဝ်းအမျိုးသားတပ်မတော် PNA က စစ်တပ်အတွက် အလုပ်လုပ်နေတာ။ လူငယ်တွေကို ပြည်သူ့စစ် (ပျူစောထီး) သင်တန်းတွေပေး။ ဟိုးနွေဦး တော် လှန်ရေး အစကတည်းက သူတို့က စစ်တပ်ဘက်က။ မနေ့က တိုက်ပွဲမှာ စစ် တပ် နဲ့ PNA ပေါင်းပြီး တက်လာတာ။ သေဆုံးသူ ၉ ဦးမှာ စစ်တပ်က ဘယ် နှစ်ဦး၊ PNA ဘယ်နှစ်ဦးဆိုတာတော့ မသိဘူး” ဟု ကရင်နီစစ်ဘက် ဆိုင် ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ အမှတ် ၁၄ တန်းမြှင့်လေ့ကျင့်ရေးကျောင်းရှိ စစ်တပ်က အသုံးပြုနေသော သောက်သုံး ရေပိုက်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖျက်ဆီးဖြတ်တောက် ခဲ့ ကြောင်း၊ ရေပိုက်ပြုပြင်စစ်ဆေးရန်လာရောက်သည့် စစ်သားများကို လောဂျာ ကျေး ရွာအနီးတွင် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်သားများမှ လုံးဝပြန်လည်ပစ်ခတ်ခြင်း မရှိဘဲ လေ့ကျင့်ရေး ကျောင်းမှ လက်နက်ကြီးများဖြင့်သာ အဆက်မပြတ် ပြန်လည်ပစ်ခတ်သဖြင့် KNDF တပ်ရင်း ၁၅ မှ ရဲဘော်၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း အမှတ် ၁၄ တန်းမြင့်စစ် လေ့ ကျင့် ရေး ကျောင်းမှ ထွက် လာသော စစ်သားများကို KA ၊ KRG Force နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များက ပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံး ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article