29 C
Yangon

ဖရူဆိုတွင် ရေခပ်ဆင်းလာသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ဖရူဆိုတွင် ရေခပ်ဆင်းလာသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မာခရောရှေ့ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ရေခပ်ဆင်းလာစဉ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနိုင် ကြောင်း KNDF တပ်ရင်း ၁၅ ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၁၁ နာရီဝန်းကျင်အချိန် မာခရောရှေ့ကျေးရွာရှိ အကြမ်းဖက်စစ်သား များသည် ကျေးရွာတွင်း ရေထွက်ပေါက်သို့ ရေခပ်ဆင်းလာစဉ် KNDF တပ်ရင်း ၁၅ နှင့် KA ပူးပေါင်း တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိနိုင်ကြောင်း၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအ ခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၇ နာရီခန့် ဖရူဆိုမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ၏ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေး သင်တန်းကျောင်းမှ အင်အား ၆၀ ခန့်ဖြင့် မာခရောရှေ့ကျေးရွာ အကြမ်းဖက်စစ်တပ် ခြေကုပ်စခန်းသို့ ရိက္ခာလာရောက်ပို့ဆောင်စဉ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးအများအပြား အသုံးပြုပစ်ခတ်တိုက် ခိုက်ခဲ့ရာ မာခရောရှေ့ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး ပြည်သူ့နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- KNDF တပ်ဖွဲ့ဝင်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article