31 C
Yangon

ဖားကန့်တွင် ပြည်သူ ၁၀၀ နီးပါးသေဆုံးစေခဲ့သည့် လေတပ် ဗုံးကျဲမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများ အတွက် အဓိက တာဝန်ရှိသူ တံတားဦးလေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူး ရာထူးတိုးဖြင့် မြစ်ကြီးနားလေတပ်သို့ ပြောင်း ရွှေ့

Must read

ဖားကန့်တွင် ပြည်သူ ၁၀၀ နီးပါးသေဆုံးစေခဲ့သည့် လေတပ် ဗုံးကျဲမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများ အတွက် အဓိက တာဝန်ရှိသူ တံတားဦးလေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူး ရာထူးတိုးဖြင့် မြစ်ကြီးနားလေတပ်သို့ ပြောင်း ရွှေ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးသည် ဗိုလ်မှူးချုပ်ရာထူးတိုးဖြင့် မြစ်ကြီးနား လေတပ်သို့ ပြောင်းရွှေ့သွားကြောင်း လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မနေ့ညက လေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးရဲ့ နှုတ်ဆက်ပွဲ ဟန်ကာမှာ ကျင်းပခဲ့တယ်။ တိုက်ခိုက်ရေးအုပ် ၆၂ (531) က ရိပ်သာ ၁ မှာ စားပွဲ သောက်ပွဲ ကျင်းပခဲ့တယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

တံတားဦး လေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးသည် ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလအတွင်း ကချင်ပြည်နယ်၊ ဖားကန့်တွင် ပြည်သူ ၁၀၀ နီးပါးသေဆုံးစေခဲ့သည့် လေတပ်ဗုံးကျဲမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများ အတွက် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ဖားကန့်ဒေသကို လေကြောင်း အထူးစစ်ဆင်ရေး ဆောင်ရွက်ရန် တံတားဦး လေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူး နှင့် အမှတ် ၆၂ အုပ်မှူး ဗိုလ်မှူး ရဲဇော်နိုင်က လေယာဉ်ပျံသန်းမှုနှင့် ပစ် မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သူ ပိုင်းလော့ များ ရွေးချယ်ခဲ့ကြပြီး ဗိုလ်မှူးရဲဇော်နိုင် ( Yak-130 တိုက်ခိုက်ရေးအုပ် အုပ်မှူး) အပါအဝင် ပိုင်းလော့ ၅ ဦးက ဗုံးကျဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

တံတားဦးလေတပ်စခန်းသို့ မြိတ်လေတပ်စခန်းမှ စခန်းမှူး ရောက်ရှိမည်ဟု သိရှိရပြီး လတ်တလော အသေးစိတ် မသိရှိရသေးပေ။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်စခန်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article