34 C
Yangon

ဗကသ ကျောင်းသား ကိုဟိန်းထက်ကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချ၊ ဗကသများ အဖွဲ့ချုပ် ဒုဥက္ကဌဟောင်း ကိုဂျိမ်း ကိုလည်း ထောင် ဒဏ် ၅ နှစ် ထပ်မံချမှတ်

Must read

ဗကသ ကျောင်းသား ကိုဟိန်းထက်ကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချ၊ ဗကသများ အဖွဲ့ချုပ် ဒုဥက္ကဌဟောင်း ကိုဂျိမ်း ကိုလည်း ထောင် ဒဏ် ၅ နှစ် ထပ်မံချမှတ်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၄

ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ် ဗကသ ကျောင်းသား ကိုဟိန်းထက်ကို အကြမ်း ဖက် စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်း အမိန့်ချမှတ်ခဲ့ကြောင်း အ.ထ.က ၁ မြောက်ဥက္ကလာပ ကျောင်းသားများ သမဂ္ဂမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အ.ထ.က ၁ မြောက်ဥက္ကလာပ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုတိယ ဥက္ကဌ ကိုဟိန်းထက်ကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည) တို့ဖြင့် ထောင်ဒဏ် တစ် သက်တစ်ကျွန်း အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ကိုဟိန်းထက်သည် မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အ.ထ.က ၁ မြောက်ဥက္ကလာပ ကျောင်းသားများ သမဂ္ဂမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်၊ အင်းစိန်ထောင်အတွင်း မတရား ဖမ်းဆီးခံထားရသည့် ဗကသများ အဖွဲ့ချုပ် ဒုတိယဥက္ကဌဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်ကြောင်း ဗကသများ အဖွဲ့ချုပ်ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗကသများ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို အင်းစိန် ထောင်တွင်းတရားရုံးက ပုဒ်မ ၅၂(ခ) ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း၊ ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က အင်းစိန် ထောင်တွင်း တရားရုံးမှ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပြီး စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ထားကြောင်း သိရသည်။

ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၌ ဖမ်းဆီးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်း အင်းစိန်ထောင်ဗူးဝ ပေါက်ကွဲမှုတွင် ကိုလင်းထက်နိုင်ကို ထောင်ဝင်စာ လာရောက်ပို့ဆောင်သည့် မိခင်ဖြစ်သူ ဒေါ်မေမေကြည် (ခ) ဒေါ်ကြီးမြင့် ထိခိုက်ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article