28 C
Yangon

ဗန်းမော်နှင့် ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးဟုဆို၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်စခန်းကို KNLA ဝင်တိုက်မှု စစ်သား ၃ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ KIA တပ်မဟာ ၃ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင် စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း KIA တပ်နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ဗန်းမော်မြို့နယ်၊ KIA တပ်မဟာ (၃)နယ် မြေ၊ မံဝင်းဘက်သို့ စစ်ကြောင်းထိုးလှုပ်ရှားလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၃ ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို မံဝင်းဘက်မှတဆင့် နမ့်ခမ်းဆေးရုံ သို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၈ နာရီခွဲခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း KIA ထိန်းချုပ် နယ်မြေ၊ မံပိန်ကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလှုပ်ရှားလာသော အကြမ်းဖက်စစ်ကောင်စီတပ်မ ၉၉ တပ်ဖွဲ့ဝင်များကို မံပိန်ကျေးရွာထိပ်တွင် KIA တပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများ အပြားသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါခုခံတိုက်ခိုက်မှုကို KIA တပ်မဟာ ၄ ၊ တပ်ရင်း ၃၉ တပ်ဖွဲ့ဝင်များမှ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားထိခိုက်သေဆုံးမှုရှိသော်လည်း မြေပြင်အခြေအနေ အရ အတိအကျမသိရသေးဟု ဆိုသည်။

ထို့အတူ ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေအုပ်စု၊ တိုမယ်ခီးကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို KNLA တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲ ၁ နာရီခန့်က KNLA တပ်မဟာ ၅ လက်အောက်ရှိ စစ်သည်တော်များမှ တိုမယ်ခီးရွာ အခြေစိုက်အကြမ်းဖက်စစ်ကောင်တပ်ကို ဝင်ရောက်ပစ်ခတ်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး KNLA စစ်သည်တော်များ အထိအခိုက်မရှိခဲ့ကြောင်း၊ မွန်း လွဲ ၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်မှ ဂျက်တိုက်‌ ယာဉ်တစ်စီးဖြင့် မယ်ဝေဃောဝါး၊ ထိုကော့ ကျော်ခီး ကျေးရွာ အပေါ်ပျံဝဲကာ ဗုံးသီး ၃ လုံးနှင့် စက်သေနတ်အချက်ပေါင်း ၁၀၀၀ ခန့် တရစပ်ပစ်ချခဲ့ ရာ ကျေးရွာတွင်းရှိ ဦးအောင်မျိုးခိုင်၏ နေအိမ်ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ MIG-35 တစ်စီးသည် မယ်‌ဝေကျေးရွာရှိ အပစ်မဲ့ပြည်သူများ အသက်မွေးဝမ်းကျောင်းပြုရာ လယ်ယာ၊ ဥယျာဉ် ခြံမြေများအတွင်းသို့ စက်သေ နတ်ဖြင့် အချက်ပေါင်း ၁၅၀၀ ခန့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီး မယ်ဝေတပ်စခန်းအတွင်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်းများဟုယူဆရသည့် အထုပ်ကြီး(၈)ထုပ်ကို ကြဲချပေးသွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article