32 C
Yangon

ဘီးလင်းမြို့နယ်၊ မိကျောင်းအိုင်ရွာ ဘုန်းကြီးကျောင်းထဲသို့ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၁ ပါးနှင့် ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရရှိ၊ ရွှေကျင်တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးဒဏ်ရာရ

Must read

ဘီးလင်းမြို့နယ်၊ မိကျောင်းအိုင်ရွာ ဘုန်းကြီးကျောင်းထဲသို့ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၁ ပါးနှင့် ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရရှိ၊ ရွှေကျင်တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြ ကျေးရွာအုပ်စု မိကျောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းထဲသို့ စစ်တပ်က လက် နက်ကြီး ဖြင့် ပစ်ခတ်မှု သံဃာတော် ၁ ပါးနှင့် ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်အချိန် စစ်ကောင်စီတပ်၏ ခမရ ၉ က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု မိချောင်းအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သံဃာတော်တစ်ပါး၊ ကိုရင်ကြီးတစ်ပါး၊ ကိုရင်လေးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“သံဃာတော်တစ်ပါးနဲ့ ကိုရင်လေးတစ်ပါးက ဒဏ်ရာပြင်းထန်ပါတယ်။ ဘုန်း ကြီး ကျောင်းကတော့ ပျက်စီးမှုတွေဖြစ်ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအတွင်းသို့ အကြမ်း ဖက်စစ်တပ်မှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူအမျိုးသမီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က ရွှေကျင်မြို့ နယ်၊ ပုဇွန်မြောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ် ခမရ ၂၀ တပ်မှ ညောင်ပင်ကြီးကျေးရွာအတွင်းသို ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီးကျေးရွာနေ အသက် ၄၀ အရွယ် ညားဇူလိုင်၊ ၎င်း၏ သမီးဖြစ်သူ အသက် အရွယ် မဖြူစိုးအေးနှင့် အသက် ၃၆ နှစ်အရွယ် မသန်းသန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး မသန်းသန်း၏ စပါးကျီတစ်လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်သောလက်နက်ကြီးထိမှန်မှုကြောင့် ညားဇူလိုင်တွင် လည်းပင်ထိခိုက်ဒဏ် ရာ၊ မဖြူစိုးအေးတွင် နံဘေးထိခိုက်ဒဏ်ရာရရှိကာ ညောင်လေးပင်ဆေးရုံသို့ ပို့ဆောင်ကုသထားရပြီး မသန်းသန်းတွင် ခြေသလုံးနှင့် ဒူးခေါင်းထိခိုက်ဒဏ်ရာရရှိကာ စိုးရိမ်ရသဖြင့် ညောင်လေးပင်ဆေးရုံမှ ပဲခူးဆေးရုံသို့ ဆက်လက်ပို့ဆောင်ကုသနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article