31 C
Yangon

ဘုတလင်မြို့ပေါ်ရှိ မြန်မာ့ စီးပွားရေး ဘဏ်စောင့် စစ်တပ်ကို ဝင်ရောက်ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံ

Must read

ဘုတလင်မြို့ပေါ်ရှိ မြန်မာ့ စီးပွားရေး ဘဏ်စောင့် စစ်တပ်ကို ဝင်ရောက်ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်တပ်ကို ယနေ့ ဝင်ရောက် ပစ်ခတ် ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ဘုတလင် တော်လှန်ရေး တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် မြန်မာ့ စီးပွာရေးဘဏ် ကို ဝင်ရောက် ပစ်ခတ် ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သူတို့ကို အခုလိုပစ်ခတ်နိုင်ဖို့ စောင့်ကြည့်နေတာကြာပြီ။ သူတို့ ဘဏ်မှာ ပုံမှန် စစ်ခွေး ၅ ကောင် အစောင့် ထားတယ်။ ဘယ်အချိန်မှာ ဘာလုပ်တယ်ဆိုတဲ့ အချက်ကို သေချာကင်းထောက်ပြီး ခြေလျင် ဝင်ပစ်ခဲ့တာ။ ရုတ်တရက် ပစ်တာဆိုတော့ ခွေး ၃ ကောင်ကတော့ နေရာမှာ တင်သေတယ်။ ကျန်၂ကောင်ကတော့ နောက်ကနေ လိုက်ပစ်လို့ ကျနော်တို့ ပြန်ပစ်တာ မီးသတ်ရုံးရှေ့မှာ ဒဏ် ရာပြင်းထန်ရပြီး ကျန်ခဲ့တယ်။ တော်လှန်ရေးရဲဘော် ၁ ဦး ပေါင်မှာ ကျည်ထိပါတယ်” ဟု ဒေသ ပြည်သူ့ ကာကွယ်ရေးခေါင်းဆောင်တစ်ဦးကပြောဆိုသည်။

ယင်းနောက် စစ်ကောင်စီက ပစ်ခတ်သွားသူများကို လိုက်လံ ရှာဖွေခဲ့သော်လည်း မတွေ့သဖြင့် လွဲတဲရွာ ရှိ နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။

မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်တပ်ကို ပစ်ခတ်တိုက်မှုရာတွင် Chindwin Attack Force အဖွဲ့နှင့် ဘုတလင် တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံLPDFများပူးပေါင်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article