40.9 C
Yangon

ဘုရားသုံးဆူရဲစခန်းတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က လက်နက်ကြီး များ ဖြင့် ပြည်သူများနေထိုင်သည့် ရပ်ကွက်များကို ပစ်ခတ်မှု အရပ်သား တချို့ ထိ ခိုက်ဒဏ်ရာရ၊ အိမ်များပျက်စီး

Must read

ဘုရားသုံးဆူရဲစခန်းတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က လက်နက်ကြီး များ ဖြင့် ပြည်သူများနေထိုင်သည့် ရပ်ကွက်များကို ပစ်ခတ်မှု အရပ်သား တချို့ ထိ ခိုက်ဒဏ်ရာရ၊ အိမ်များပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းတွင် ယနေ့ နံနက် အစောပိုင်း တိုက်ပွဲဖြစ်‌ပြီး ရဲစခန်းမီးလောင်သွားပြီးနောက် စစ်တပ်က လက် နက်ကြီးများဖြင့် ပြည်သူများနေထိုင်သည့် ရပ် ကွက် များကို ပစ် ခတ် သဖြင့် အရပ်သားတချို့ထိခိုက်ဒဏ်ရာရကာ အိမ်များပျက်စီး သွား ကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန် ဘုရားသုံးဆူ ရဲစခန်းကို ဝင် ရောက် တိုက်ခိုက်မှုဖြစ်ပွားပြီး ပစ်ခတ်သံများ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ် ခတ်မှုများ တောက်လျှောက်ဆိုသလိုဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ဘုရား သုံး ဆူ ရဲစခန်း မီးလောင်နေကြောင်း၊ ယင်းနောက် စစ်တပ်က လက် နက် ကြီး များဖြင့် လူနေရပ်ကွက်များသို့ ပစ်ခတ်သဖြင့် အရပ်သားတချို့ ထိခိုက် ဒဏ် ရာ ရ ရှိသွားကြောင်း၊ နေအိမ်တချို့ပျက်စီးသွားကြောင်း သိရှိရသည်။

“လူနေအိမ်တွေအပေါ် လက်နက်ကြီးတွေ ကျတယ်။ အမျိုးသမီး ၁ ဦး ဒဏ်ရာ ရတယ်။ တချို့ရပ်ကွက်တွေမှာလည်း လူတွေထိ တာလည်း ကြားရတယ်” ဟု ဘုရားသုံးဆူမှ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

“မနက် ၆ နာရီကျော်လောက်ကတည်းက ပစ်ခတ်သံတွေကြားရတာပဲ။ စစ်ခွေး တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ အကြာကြီးပဲ။ ဘုရားသုံးဆူ ရဲစ ခန်း မှာ မီးလောင်နေတယ်။ စစ်တပ်တွေကလည်း ဘုရားသုံးဆူမြို့ထဲ ဘက် မှာ တပ် ဖြန့်ပြီး စစ်ကူပေးနေတယ်။ အခြေအနေက အသွားအလာ သတိ ထား ရ မယ့် အခြေအနေဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။

Urban Missing Forces မြို့ပြ ပျောက်ကျားတပ်ဖွဲ့ကမူ ဘုရားသုံးဆူ ပြည်သူ များ ဂရုစိုက်ကြရန်၊ ရဲစခန်းတွင် တိုက်ပွဲဖြစ်ကြောင်း သူ၏ လူမှုကွန်ရက် စာ မျက် နှာတွင် ဓာတ်ပုံတချို့နှင့်အတူ ဖော်ပြထားသည်။

“ရဲစခန်းက ရဲတွေက ရှမ်းကုန်းပေါ်မှာ ရှိနေတယ်။ ချက်ပွိုင့်ဘက်က နယ်ခြား စောင့် BGF တွေက ရဲစခန်းဘက်ကိုပစ်ကူတယ်”ဟု ဒေသပြည်သူက ရှင်းပြ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article