30 C
Yangon

ဘုရားသုံးဆူ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

Must read

ဘုရားသုံးဆူ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံ ရဲစခန်း ကို ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံးကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၆ နာရီခန့်အချိန်မှစတင်၍ ဘုရားသုံးဆူ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက် ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲစတင်ဖြစ်ပွာပြီး မကြာမီ ဘုရားသုံးမြို့အတွင်းမှ စစ်ကောင်စီ ခလရ ၂၈၄ ၊ ခလရ ၉၇ တပ်များမှ ထုတ်နှုတ်အင်အား ၃၀ ခန့်က တိုက်ပွဲဖြစ် ပွား ရာ နေရာသို့ စစ်ကူ လာရောက်သဖြင့် မဟာမိတ်ပူးပေါင်းတပ်များနှင့် နံနက် ၇ နာရီ ဝန်းကျင် အချိန်တွင် ထပ်မံ တိုက်ပွဲဖြစ်ပွားကြောင်း ၊ နံနက် ၈ နာရီ ခန့် တွင် မဟာမိတ်တပ် များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စုစုပေါင်း တိုက် ပွဲကြာချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ရဲစခန်း နှင့် စစ်ကောင်စီတပ်များဘက်မှ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး PDF တစ်ဦး ကျဆုံးကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရှိရသည်။

ဓာတ်ပုံ- မကြာမီက NUG ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင် ထားသော နဂါးနီစစ်ကြောင်းမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article