27 C
Yangon

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊ လှူဒါန်းထောက်ပို့ လိုသူများ ဆက်သွယ်နိုင်

Must read

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊ လှူဒါန်းထောက်ပို့ လိုသူများ ဆက်သွယ်နိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာတချို့ပေးအပ်လိုက်ကြောင်း မကွေးခရိုင် PDF တပ် ရင်း ၁ မှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ သိရှိရသည်။

“မကွေးခရိုင်PDF အမှတ် -(၁) တပ်ရင်းရဲ့ စီမံဘဏ္ဍာအစည်းအဝေးအမှတ်စဉ် ၁ ဆုံးဖြတ်ချက်နဲ့ တပ်ရင်းရဲဘော်များအားလုံးကို ရဲဘော်လစာအဖြစ် တစ်ဦး ၂၀၀၀၀ ကျပ် ၂၀၂၃ခုနှစ် ၂ လပိုင်းမှာ စတင် ပေးအပ်ပါတယ်။ ရဲဘော်တွေရဲ့ တစ်ယောက် ကုန်ကျမှုစရိတ်က စားစရိတ်နှင့်တစ်ကိုယ် ရေကျန်း မာရေးသုံး၊ ဝတ်စားဆင်ယင်မှုတို့အတွက် တစ်သိန်းနှစ်သောင်းကျပ်ပါ ထည့်တွက်လျှင် ရဲဘော်တစ်ဦးမှာ နိုင်ငံတော်မှ တစ်လကို အခြေခံ လစာ ၁၄၀၀၀၀/ကျပ်ရရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်” ဟု မကွေးခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူက ဆိုသည်။

ထိုကဲ့သို့ ရဲဘော်များ လစာ ပေးအပ်ခြင်းသည် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆုံးဖြတ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရဲဘော်များ၏ လစာအတွက် လှူဒါန်းလိုသူများအနေဖြင့်လည်း ထောက်ပံ့ကူညီနိုင်ကြောင်း သိရှိရသည်။

“တချို့ရဲဘော်တွေမှာ မုန့်ဝယ်စားချင်တာတောင် မိသားစုကို ပြန်ငှဲ့ရလို့ မတောင်း ရက်လို့ မစားနိုင်ကြဘူး။ ဒါတွေ အတွက်လည်း ရဲဘော်အားလုံးတစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်စေလိုတယ်။ တပ်ရင်းကိုထောက်ပို့ပြုလိုတဲ့ သူများရှိလျှင်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ကြိုဆိုလျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article