32 C
Yangon

မကွေးတိုင်း ရေစကြို Young Fighter ပျောက်ကျားတပ်ဖွဲ့တွင် လက်နက်ခဲယမ်းများ အရေး တကြီး လိုအပ်လျက်ရှိပြီး ပြည်သူများ လှူဒါန်းထောက်ပံ့ပေးရန် ဖိတ်ခေါ်

Must read

မကွေးတိုင်း ရေစကြို Young Fighter ပျောက်ကျားတပ်ဖွဲ့တွင် လက်နက်ခဲယမ်းများ အရေး တကြီး လိုအပ်လျက်ရှိပြီး ပြည်သူများ လှူဒါန်းထောက်ပံ့ပေးရန် ဖိတ်ခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်း ရေစကြို Young Fighter ပြောက်ကျားတပ်ဖွဲ့တွင် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိနေပြီး ပြည်သူများပါဝင်လှူဒါန်းရန် မေတ္တာရပ်ခံကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ်ထွန်း တောက်က ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောကြားသည်။

“ရေရှည်ရပ်တည်ဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်ဗျ။ လက်နက်ခဲယမ်းက လက်လုပ် တစ်ထောင့်ထိုးတွေပဲ ရှိတယ်ဗျ။ မောင်းပြန်အစစ်တစ်လက်မှ မရှိဘူးဗျ။ ပကဖတွေဆီကနေ ငှားပြီး လက်လုပ်လေးတွေနဲ့ ပေါင်းဖက်တော်လှန်နေရတယ်ဗျ။ လက်ရှိ အကူအညီလိုအပ်နေတာက မောင်းပြန်လက်နက် ဝယ်ယူဖို့အတွက်နဲ့ စားနပ်ရိက္ခာအတွက် ပြည်တွင်း ပြည်ပမှာရှိတဲ့ မိဘပြည်သူတွေဆီကနေ အကူအညီလေး တောင်းခံချင်ပါတယ်” ဟု ဗိုလ်ထွန်းတောက်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောကြားသည်။

Young Fighters ပြောက်ျားတပ်ဖွဲ့တွင် အင်အား ၆၀ ကျော် ၇၀ နီးပါးရှိသောလည်း လက်လုပ်သေနတပ်များသာ ရှိနေပြီး လက်နက်ကြီးပိုင်းအနေနှင့် ၆၀ တစ်လုံးနှင့် ၅၀၀ တစ်လုံးသာ ရှိကြောင်း သိရှိရသည်။

Young Fighters ပြောက်ကျားတပ်ဖွဲ့သို့ စားနပ်ရိက္ခာအတွက်ဖြစ်စေ လက် နက်ခဲယမ်းအတွက်ဖြစ်စေ ဆက်သွယ်လှူဒါန်းလိုပါက Young Fighters ပြောက်ကျားတပ်ဖွဲ့၏ Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/profile.php?id=100076250568007 သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- Young Fighters ပြောက်ကျားတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article