37 C
Yangon

မကွေးမြို့ပေါ်တွင် အသံတိတ် သပိတ် ပျက်စီးရေး ဆိုင်ကယ်များ ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ရွေးခိုင်းခဲ့သည့် ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မကွေးမြို့ပေါ်တွင် အသံတိတ် သပိတ် ပျက်စီးရေး ဆိုင်ကယ်များ ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ရွေးခိုင်းခဲ့သည့် ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်း၊ မကွေးမြို့ပေါ်တွင် အသံတိတ် သပိတ် ပျက်စီးရန် ဆိုင်ကယ်များ လိုက်လံဖမ်းဆီးခဲ့သည့် ယာဥ်ထိန်း ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျား တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးမြို့၊ မကွေးပြည်တော်သာလမ်း ကောင်းမွန်စင်တာရှေ့တွင် စစ်တပ် လက်အောက်ခံ ယာဥ်ထိန်းရဲ ၁ ဦးကို Magway Guerrilla Warfare မကွေးပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် ၅ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးသွား​ကြောင်း သိရသည်။

မကွေးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ယာဥ်ထိန်းရဲများသည် အာဏာသိမ်း ၂ နှစ်ပြည့်အဖြစ် ပြုလုပ်သည့် Silent Strike သပိတ်ကို ပျက်စီးရန် ဆိုင်ကယ် ၁၀၀ ကျော်ကို နည်းမျိုးစုံဖြင့် ဖမ်းဆီးခဲ့ခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မကွေးပြောက်ကျား တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မကွေးမြို့ပေါ်မှာ ရဲထိန်းရဲနှင့် ရဲများ ဆိုင်ကယ်များကို ဖမ်းဆီးနေစဉ်။

(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article