26 C
Yangon

မကွေးလေတပ်စခန်းဌာနချုပ်နှင့် စစ်ကောင်စီ၏ လက်နက်စက်ရုံ ကပစ ၂၅ တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

မကွေးလေတပ်စခန်းဌာနချုပ်နှင့် စစ်ကောင်စီ၏ လက်နက်စက်ရုံ ကပစ ၂၅ တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးမြို့ရှိ မကွေးလေတပ်နှင့် စစ်ကောင်စီ၏ လက်နက်စက်ရုံ ကပစ ၂၅ တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မကွေးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၁၁ နာရီမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန်အတွင်း မကွေးလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မကွေးလေတပ်စခန်းအတွင်းသို့ ရှော့တိုက်ဒုံး ၃လုံး ထိရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“ညဘက် ပေါက်ကွဲမှု အသံ ၄ ကြိမ်ကြားရပါတယ်။ လေတပ်ဘက်က ကြားရတာ။ မနေ့မနက်ပိုင်းကျတော့ မကွေးတစ်မြို့လုံး ခွေးတွေ အတော်ကို ရှုပ် ယှက်ခတ်ပြီး လေတပ်နားက ရွာတွေကို စစ်ခွေးတွေ လိုက်စစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁ နာရီ ၂၁ မိနစ်အချိန် မကွေးရှိ စစ်ကောင်စီ၏ လက်နက်စက်ရုံ ကပစ ၂၅ ကို ၉၀ မမ လက်နက်ကြီးကျည် ၂ လုံးဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း၊ ယင်းနောက် နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် ထပ်မံ၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ အင်အား ၁၄ ဦးနဲ့ ဥ စစ်ရေးပစ်မှတ် ကပစ ၂၅ ကို လက်နက်ကြီး ၉၀ မမ ကျည် ၂ လုံးကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၁ နာရီ ၂၁ မိနစ် တစ်ကြိမ်ပစ်ခတ်တယ်။ နံနက် ၅ နာရီ ၁၅ မိနစ် ပစ်ခတ်ပါတယ်။ စုစုပေါင်းနှစ်ကြိမ်တိတိပစ်လွှတ်ခဲ့ပါတယ်။ ပစ်မှတ်ကွာဝေးလွန်းလို့ ပစ်မှတ်ထိရောက်မှုအတည်မပြုနိုင်သေးပါဘူး” ဟု မကွေးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article