28 C
Yangon

မင်းကင်းတွင် စစ်တပ် တပ်စွဲထားသော နေရာကို PDF တပ်ဖွဲ့က ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်၊ မင်းလှတွင်လည်း ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ Mytel တာဝါတိုင် ၁ ခု ရှင်းလင်းခံရ

Must read

မင်းကင်းတွင် စစ်တပ် တပ်စွဲထားသော နေရာကို PDF တပ်ဖွဲ့က ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်၊ မင်းလှတွင်လည်း ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ Mytel တာဝါတိုင် ၁ ခု ရှင်းလင်းခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပုထိုးလုံးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Minkin People’s Defence Force – MKPDF 2 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မင်းကင်းမြို့နယ်၊ ပုထိုးလုံးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ကလေးခရိုင်အမှတ်-၁၁တပ်ရင်းမှ M 79 ၁ လုံး၊ ၆၀ မမ ၇ လုံး၊ စနိုက်ပါ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ထိခိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကလေးခရိုင် အမှတ်- ၁၁ တပ်ရင်းမှ ၆၀ မမ ၂ လုံး ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” အခုသိရတာတော့ စစ်ခွေး ၂ကောင်ထိတယ်လို့ပဲ သိရပါတယ်။ ထိတွေ့မှု ဖြစ်နေတုန်းမို့ ထပ်မံအတည်ပြုလို့ မရသေးပါဘူး” ဟု Minkin People’s Defence Force – MKPDF 2 မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ စစ်သားများသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် မင်းကင်းမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း မြစ်ရိုးအောက်ဘက်သို့ အင်အား ၇၀ ခန့်ဖြင့် အမြန်ရေယာဉ်များ ချောဆွဲကာ စုန်ဆင်းလာပြီး ပုထိုးလုံးရွာတွင် တပ်စွဲထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် နှစ်ဖက် စစ်ရေး အခြေအနေ ပိုမိုတင်းမာလာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် သတိပြုသွားလာရန်နှင့် အမြန်ရေယာဉ်များအား ချောဆွဲမှုများ ပြုလုပ်နေသောကြောင့် ရေယာဉ်များ မင်းကင်းမှ မြစ်ရိုးအောက်ဖက်သို့ အစုန်အဆန်မပြုလုပ်သေးရန် သတိပေးအပ်ကြောင်း ကလေးခရိုင် အမှတ်-၁၁တပ်ရင်း မင်းကင်း ကထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် မင်းလှမြို့နယ်၊ လက်ပံခံကျေးရွာအုပ်စုနှင့် ပနီဆုံကျေးရွာအုပ်စုရှိ ပျူစောထီးအဖွဲ့ဝင် သန့်စင်ဦးနှင့် ရဲကျော်တို့ကို မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ၂ ဦးသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပေးပို့ခြင်း၊ စစ်တပ် စစ်ကြောင်းများအား ဦးဆောင် လမ်းပြခြင်း၊ စစ်တပ်နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ပြည်သူများအား စစ်တပ် အလိုကျ ဖမ်းဆီးနှိပ်စက်ခြင်း၊ တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းများ လုပ်ဆောင်နေသူများ ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ ဂျိုးစမ်းကျေးရွာအနီးရှိ MYTEL တာဝါတိုင်ကို ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article