29 C
Yangon

မင်းကင်း၊ ပုထိုးလုံးရွာ တပ်စွဲထားသော စစ်ကြောင်းကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ဖက်ခတ်ကျေးရွာအဝင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု ထိခိုက် သေဆုံးမှုများပြား

Must read

မင်းကင်း၊ ပုထိုးလုံးရွာ တပ်စွဲထားသော စစ်ကြောင်းကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ဖက်ခတ်ကျေးရွာအဝင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု ထိခိုက် သေဆုံးမှုများပြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ပုထိုးလုံးရွာတွင် တပ်စွဲထားသော အကြမ်း ဖက်စစ်ကြောင်းကို ၃ ရက် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၃ ဦး သေဆုံး ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်သူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပုထိုးလုံးရွာအတွင်းဝင်ရောက်တပ်စွဲပြီး ပြည် သူပိုင်ပစ္စည်းများကို ခိုးယူ ဖျက်ဆီးနေသော အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၇၀ ခန့်ကို မင်းကင်းမြို့နယ်၊ အမှတ် ၁၁ တပ်ရင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှ တပ်ဖွဲ့ဝင်များမှ ၂၀ ရက်နေ့အထိ လက် နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးလက်နက်ကြီးထိမှန်သေဆုံးပြီး စစ်သား ၁ ဦးစနိုက်ပါ ထိမှန် သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးကို မင်းကင်းဆေးရုံပို့ဆောင်ကုသ နေကြောင်း သိရသည်။

“လက်ရှိအချိန်အထိကတော့ နှစ်ဖက် စစ်ရေးတင်းမာနေတုန်းပဲ၊ စစ်ခွေးတွေ ထပ်ပြီး အင်အားဖြည့်စစ် ကြောင်းထိုးလာနိုင်လို့ ချင်းတွင်းမြစ်အတွင်း သွားလာနေကြတဲ့ ပြည်သူတွေ သတိထားသွားလာပြဖို့ အသိပေးလိုပါတယ်၊ စစ်ခွေးတွေနဲ့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ထားလို့ လက်နက်ခဲယမ်းလိုနေတဲ့ အတွက် ပြည်သူတွေအနေနဲ့ ပါဝင်ကူညီလှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မင်းကင်းမြို့နယ် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်သူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

မင်းကင်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်း ၃ ကြောင်းခွဲကာ နေရာယူ ထားပြီး ချင်းတွင်းမြစ်အတွင်း ပုထိုးလုံးရွာရှိ အကြမ်း ဖက်စစ်သား၊ ပျူစောထီးများမှ ယမန်နေ့ ဖေ ဖော်ဝါရီလ ၂၀ ရက် နေ့လည် ၁၁ နာရီခန့်က မင်းကင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားပြီး ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဖက်ခတ်ရွာအဝင်တွင် စစ်ကောင်စီတပ်များကို PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

“စစ်ကြောင်းက တောင်ဖြူ၊ ပန်းဆက်ရွာကနေ ဖေဖော်ဝါရီ ၁၈ရက်နေ့ကတည်း က ထွက်လာတယ်။ အဲဒါ တုံပါရွာကို စခန်းချပြီး ဒီနေ့မှ စစ်ရေး လှုပ်ရှားလာတာ။ အသင့်စောင့်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေက ဖက်ခတ်ရွာအဝင်မှာ မိုင်းအကြီးတစ်လုံး စဆွဲလိုက်နိုင်တယ်။ သူတို့မိုင်းဆွဲခံရပြီး စစ်ခွေးတွေရော၊ဒဏ်ရာရတဲ့ စစ်ခွေး တွေရော ဒရွတ်တိုက် ဖက်ခတ်ရွာထဲဆွဲသွင်းသွားတယ်။ အရေအတွက် အတိအကျ မသိရဘူး” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

စစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် စစ်တပ်က စစ်ဘေးရှောင်များရှိရာ နေရာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း၊ ဒဏ်ရာရရှိ အထိနာသွားသော စစ်ကြောင်းက ဖက်ခတ်ကျေးရွာထဲတွင် စခန်းချနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်းကင်းPDF တပ်ဖွဲ့ဝင်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article