40.9 C
Yangon

မင်းတပ်တွင် စစ်တပ်က ပြည်သူ လူထုနေထိုင်ရာ ကျေး ရွာအတွင်းသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်၊ CDF မင်းတပ် စခန်းကို ​လေယာဥ်ဖြင့် ဗုံးကျဲ

Must read

မင်းတပ်တွင် စစ်တပ်က ပြည်သူ လူထုနေထိုင်ရာ ကျေး ရွာအတွင်းသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်၊ CDF မင်းတပ် စခန်းကို ​လေယာဥ်ဖြင့် ဗုံးကျဲ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများပေါ်သို့ အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးမှုရှိကြောင်း CDF –Mindat တပ်ရင်း ၄ ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ် မှ ၃ နာရီ ၁၀ မိနစ်အထိ မင်းတပ်မြို့ တပ်ရင်း ၂၇၄ တပ်မှ မင်းတပ်မြို့နယ်၊ မရှိယော အုပ်စု၊ ဝမ်းကျေးရွာအတွင်းသို့ လက် နက်ကြီးဖြင့် ၁၀ ကြိမ် တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူလူထုမှာ ဘေးလွတ်ရာထွက်ပြေး ပုန်ခိုနေခဲ့ရပြီး နေ အိမ်များ၊ အသုံးအဆောင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မင်းတပ်မြို့နယ်တွင် ဇန်နဝါရီလ ၂၂ ရက်​နေ့ ည ၁၂ နာရီခန့်အချိန် အ ကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် Chinland Defence Force – Mindat ၏ တပ်စခန်းငယ်တစ်ခုကို ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောင်တန်းလျားနှင့် လက်နက် အသုံး အဆောင်ပစ္စည်းတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း CDF – Mindat ထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဧပြီလမှစ၍ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူလူထု အပေါ် ဖမ်းဆီး၊ ညှင်းပန်း၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိကျူးလွန်လျက်ရှိကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်းရှိ တပ်စွဲထားသော စစ်သား၊ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့နှင့် ပတ်သက်ဆက် နွှယ်မှုရှိသည့် အ မျိုးသမီးများ ကိုယ်ဝန်ရရှိပါက အတင်း အဓမ္မဖျက်ချခိုင်းခြင်း၊ မွေးဖွားလာသည့် ကလေးများကို အရှင်လတ်လတ် မြေမြှုပ်သတ်ဖြတ်ခြင်း စသည့်လူမဆန်သော လုပ်ရပ်များ ကျူး လွန်လျက်ရှိ ကြောင်း CDF – Mindat တပ်ဖွဲ့က ဒေသခံအ မျိုးသမီးများကို စစ်ဆေးမေးမြန်းဖော်ထုတ်ထားချက်များအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article