33 C
Yangon

မင်းတပ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး CDF ရဲဘော် ၁ ဦးကျဆုံး

Must read

မင်းတပ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး CDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး CDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း Chin Defence Force – Mindat မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် မင်းတပ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ၂၇၄ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အမှတ် ၄ ကျေးရွာဘက်သို့ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန်ကာ မိသားစုဝင် ၃ ဦး သေဆုံးခဲ့​ပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီးကြောင်း၊ ထို့ပြင် ခရီးသွား CDF ရဲဘော် ၁ ဦးလည်း လက်နက်ကြီးကျည် ထိမှန်ကျဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန် ကျဆုံးခဲ့သည့် CDF ရဲဘော် ဆလိုင်းဘီလီအောင်ထန်းသည် တိုက်နယ်အမှတ် ၄ ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်ကြောင်း Chin Defence Force – Mindat မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article