26 C
Yangon

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

Must read

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

———————————————————–

▪️ MAI လေကြောင်းလိုင်း 8M-231 လေယာဉ်ဖြင့် စင်ကာပူ အလည်ထွက်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှ၊ အောင်ပြည့်စုံ၊ ခင်သီရိသက်မွန်တို့ကို မြေး ၅ ဦးနဲ့အတူ စင်ကာပူ Universal Studio Singapore ရဲ့ Accelerator ကစားနည်း ဆိုင်းဘုတ်နားမှာ ရှိနေတဲ့ ဓာတ်ပုံတချို့ရရှိလာပါတယ်။

Universal Studios Singapore က စင်ကာပူနိုင်ငံရဲ့ အပန်းဖြေ ၊ ဖျော်ဖြေရေး၊ ကလေးကစားနည်းပေါင်းများစွာ၊ စားသောက်ဆိုင်တွေ ၊ ရှိုးပွဲတွေ အပြည့်ရှိနေတဲ့ အပန်းဖြေဥယျာဉ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ မိန်းမ၊ မြေးတွေရဲ့ မိသားစုဓာတ်ပုံတွေကို ပေးပို့တဲ့ စင်ကာပူရောက် မြန်မာတစ်ဦးကတော့ ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနစ် ဖေဖော်ဝါရီ ၉ ရက် စင်ကာပူ အချိန် မွန်းလွဲ ၂ နာရီ လောက်က ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်အခြေစိုက် MAI လေကြောင်း သတင်းရင်းမြစ်က မင်းအောင်လှိုင် မိန်းမ ကြူကြူလှ၊ သားအောင်ပြည့်စုံ၊ သမီးခင်သီရိသက်မွန်နဲ့ မြေးတွေဟာ ဖေဖော် ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်း MAI လေယာဉ် 8M-231 နဲ့ စင်ကာပူကို ထွက်ခွာသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်ခေတ်သစ်အနေနဲ့တော့ ဒီဓာတ်ပုံတွေရဲ့ အချိန်ကာလကိုတော့ အ တည် မပြုနိုင်ပေမယ့်လည်း ဓာတ်ပုံထဲမှာ ပါဝင်နေတဲ့ မင်းအောင်လှိုင် မိန်းမကြူကြူလှ၊ သား၊ချွေးမ၊ သမီးနဲ့ မြေးဖြစ်သူတွေဆိုတာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဓာတ်ပုံထဲမှာ ကြူကြူလှ၊ မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ ဇနီး မျိုးရတနာထိုက် ၊ သမီးအကြီး ချစ်ပိုး(ခေါ်) ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ ခင်ဘုန်းမြတ်ပြည့်စုံလှိုင်(ခေါ်) ရွှေပိုး၊ ခင်မေတ္တာပြည့်စုံလှိုင် နဲ့ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်ရဲ့ သမီး အိပိုး (ခေါ်) ဧကရီသက်မွန်လှိုင်၊ မေပိုး(​ခေါ်) မေဘရဏီသက်မွန်လှိုင် တို့ကို မြင်တွေ့ရပြီး မင်းအောင်လှိုင်ရဲ့ မြေးတွေကို ထိန်းရတဲ့ စစ်တပ် သူနာပြု တွေကိုလည်း မြင်တွေ့ရပါတယ်။

အောင်ပြည့်စုံရဲ့ သမီးအကြီး ချစ်ပိုး(ခေါ်) ခင်ငြိမ်းချမ်းပြည့်စုံလှိုင်ကိုလည်း အရပ်ရှည်ရှည်နဲ့ မြင်တွေ့ရတာမို့ ဒီဓာတ်ပုံဟာ သိပ်မကြာသေးတဲ့ကာလ ဓာတ်ပုံဖြစ်ဖို့များပါတယ်။

“မအလ မြေးနဲ့ မိသားစု ဓာတ်ပုံတွေကြည့်ရတာ ကိုဗစ်ကာလမတိုင်မီ ပုံအဟောင်းတွေ ဖြစ်မယ်လို့ထင်တာပါပဲ ။ ပုံအဟောင်းပဲ ဖြစ်ဖြစ်၊ ပုံအသစ်ပဲဖြစ်ဖြစ် တစ်တိုင်းပြည်လုံးကို ဖိနှိပ် ချုပ်ခြယ်တဲ့ အာဏာရှင် မိသားစုတွေရဲ့ မြေးတွေဟာ စင်ကာပူရဲ့ ကစားကွင်းတွေမှာ လာပြီး လည်ကြ ပတ်ကြ ပျော်ကြတာ သိသာတာပေါ့။ မင်းအောင်လှိုင်က တစ်တိုင်းပြည်လုံးရဲ့ လူငယ် အနာဂတ်တွေ ဖျက်ဆီး သတ်ဖြတ်နေပေမယ့် သူ့မြေး ကျတော့ စင်ကာပူမှာ ပျော်နေကြတယ်ဆိုတာ ထင်ရှားတာပဲ” လို့ စင်ကာပူရောက် မြန်မာတစ်ဦးက ပြောဆိုပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ဟာ ပြည်တွင်းဖြစ်ကို အားပေးရမယ်၊ ပြည်တွင်းမှာ အားလုံး ထုတ်လုပ်ရမယ်၊ ပြည်တွင်းခရီးသွား လုပ်ငန်းတွေ တိုးမြှင့်ရမယ် စတဲ့ လူပြိန်းကြိုက်စကားတွေ ပြောတတ်ပေမယ့် သူကိုယ်တိုင်နဲ့ သူ့မိန်းမ၊ မိသားစုတွေက ပြည်ပထုတ်ကုန် အင်္ကျီ၊ ဂျာကင်၊ ဖိနပ်၊ ခါးပတ်၊ အိတ်တွေ ဝယ်ယူ သုံးစွဲတဲ့ အပြင် သား သမီး မြေးတွေကိုတော့ ပြည်ပ အပျော်ခရီး စေလွှတ်တာ လည်းဖြစ်ပါတယ်။

အာဏာအတွက် ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး ဟန်ဆောင်ပန်ဆောင် ပြောနေတဲ့ မင်းအောင်လှိုင်နဲ့မိသားစုက အာဏာရှင် နေဝင်းလိုပဲ အရည်အသွေးမြင့် ပြည်ပထုတ်ကုန်မှ သုံးပြီး ပြည်ပနိုင်ငံတွေမှာမှ တိုင်းပြည်ဘဏ္ဍာတွေကို ဇိမ်ခံ သွားရောက်လည်ပတ် သုံးဖြုန်းနေတဲ့ အတ္တကြီးသူတွေ ကိုယ်ကျိုးသမားဆိုတာ ထင်သာမြင်သာရှိစေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article