29 C
Yangon

မတူပီ၊ ဂန့်ဂေါနှင့် ပေါက်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

Must read

မတူပီ၊ ဂန့်ဂေါနှင့် ပေါက်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဇိုတုန်နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း CDF – ZOTUNG တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မတူပီမြို့နယ်၊ ဇိုတုန်နယ်၌ အကြမ်းဖက် စစ်တပ်နှင့် CDF-ZOTUNG တပ်ဖွဲတို့ တိန်ဆီးရွာနှင့် ထော်လန်ရွာ အကြားတွင် ထိ‌‌တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း CDF-ZOTUNG တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့တောင်ဖက်အထွက်ရှိ အမြို့အဝင် စစ်တပ်ဂိတ်ကို စနိုက်ပါတပ် ဖွဲ့မှ ၂ မိနစ်အတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယောဒေသပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက ဂန့်ဂေါမြို့တောင်ဘက်အထွက်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ ဇန်နဝါရီလ အတွင်းက ရွေးချယ်လေ့ကျင့် ထားသည့် လက်ဖြောင့်သေနတ်သမား (Rifleman) များ၏ စစ်မြေပြင် လက်တွေ့ကွင်းဆင်းမှုအနေဖြင့် အလစ်အငိုက်ချုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထဲမှ အကြမ်းဖက်စစ်သား ၂ ဦးကျည် ထိမှန် ပြီး အပြင်းအထန်ဒဏ်ရာရရှိကာ သေဆုံးနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်မှ ၄၀ မမ ဗုံးသီးစ်လောင်ချာများ၊ စက်သေနတ်များ၊ မောင်းပြန်များဖြင့် ၁၀ မိနစ်ခန့် တရစပ်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း မူလရည်ရွယ်ထား သည့် စစ်ဆင်ရေး စီမံချက်အတိုင်း ၂ မိနစ်ခန့်သာ ပစ်ခတ်ပြီး စနစ်တကျ၊ ပြင်ဆင်ဆုတ်ခွာနိုင်ခဲ့သဖြင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအပြီး မကြာမီတွင် အကြမ်းဖက်စစ်တပ်မှ စစ်ကားများဖြင့် အင်အားတိုးချဲ့ခြင်း၊ လေ ကြောင်းမှ လေယာဉ် ၂ စီးဖြင့်လာရောက်ခြင်းတို့ရှိခဲ့ပြီး ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေဖြင့် ရန်သူကို ရန်သူလို သဘောထားကာ အသက်ကို ပဓာနမထားဘဲ ပြည်သူ့အတွက် အစွမ်းကုန် ကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အိမ်တွင်းလက်မှုအသက်မွေးသင်တန်းကျောင်းရှိ အကြမ်းဖက်စစ်သား များ ကို ဝင် ရောက် တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားအများအပြားထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၉ နာရီခန့်က အိမ်တွင်းလက်မှုအသက်မွေးဝမ်းသင်တန်းကျောင်းရှိ အကြမ်းဖက်စစ်သား၊ ရဲများ လုံခြုံရေးယူထားသော ဂိတ်ကို စတင်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲများမှ ထွက်ပြေးသွားပြီး စုရပ်နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေသဖြင့် တိုက်ပွဲကြာချိန် ၁ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပေါက်မြို့နယ်မှ ဗိုလ်တစ္ဆေအဖွဲ့ ၊ပေါက်ကြေးရွာ ကာကွယ်ရေးအဖွဲ့များနှင့် မြိုင် ပကဖ ရင်း-၁ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ရဲများထိခိုက်သေဆုံးမှုရှိ နိုင် သော်လည်း အတိအကျမသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article