36 C
Yangon

မန္တလေးတွင် အသံတိတ် သပိတ် မစတင်မီကပင် လမ်းပေါ်တွင် လူ၊ ကား၊ ဆိုင်ကယ် မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွား၊ စည်ပင်ကားများဖြင့် စစ်တပ် ထောက်ခံပွဲအတွက် လူတွေ အသည်းအသန် လိုက်စုနေ

Must read

မန္တလေးတွင် အသံတိတ် သပိတ် မစတင်မီကပင် လမ်းပေါ်တွင် လူ၊ ကား၊ ဆိုင်ကယ် မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွား၊ စည်ပင်ကားများဖြင့် စစ်တပ် ထောက်ခံပွဲအတွက် လူတွေ အသည်းအသန် လိုက်စုနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မန္တလေးမြို့ပေါ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် စတင်မည့် သတ်မှတ်အချိန် နံနက် ၁၀ နာရီ မထိုးမီ အချိန်ကပင် လမ်းမများပေါ်တွင် လူ၊ ကား၊ ဆိုင်ကယ် မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားကြောင်း မန္တလေးမြို့ခံ ပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်တွင်ပင် မန္တလေးမြို့၏ လမ်းမများပေါ်တွင် လူ၊ ကား၊ ဆိုင်ကယ် မရှိတော့ဘဲ တိတ်ဆိတ် ငြိမ်သက် သွားပြီး အကြမ်းဖက်စစ်ကောင်စီက စည်ပင်ကားများဖြင့် စစ်တပ် ထောက်ခံ ပွဲအတွက် လူ လိုက်စုနေသည်ကို မြင်တွေ့ရကြောင်း၊ စည်ပင်ဝန်ထမ်းများကို လူစည်းကားရာ နေရာများတွင် လမ်းဆင်းလျှောက်ခိုင်းနေကြောင်း မန္တလေးမြို့ခံများက ပြောဆိုကြသည်။

“မန္တလေးကတော့ နံနက် ၁၀ နာရီတောင် မထိုးသေးဘူး။ လမ်းပေါ် လူထွက် တာ အတော်ကို နည်းသွားပြီ။ ပြည်သူတွေအားလုံးက အိမ်ထဲမှာပဲ နေကြ တယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောဆိုသည်။

မန္တလေးစည်ပင်က ကျုံးဘေးတွင် လူစည်ကားစေရေးအတွက် ဆန်ဝေရန် လုပ်ဆောင်နေသည်ဟု သိရှိရသည်။

“လိုင်းကားတွေကိုလည်း အတော်များများပတ်ခိုင်းနေပါတယ်။ စျေးချိုဘက်က ဆိုင်တွေ ကိုလည်း စည်ပင်က ပိတ်သိမ်းမယ်ဆိုပြီးခြိမ်းခြောက်တာတွေ ရှိနေပါ တယ်။ စစ်ခွေးနဲ့ စည်ပင်တွေက ကျုံးဘေးမှာ ဆန်ဝေဖို့ လည်းလုပ် နေကြပါ တယ်” ဟု မန္တလေးသားတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ယနေ့ နံနက် ၈ နာရီကျော်အချိန် လူသူကင်းမဲ့ တိတ်ဆိတ်ခြောက် ကပ်သွားသည့် မန္တလေးမြို့ နှင့် စစ်တပ်ထောက်ခံပွဲအတွက် လူလိုက်စုနေသော စည်ပင်ကားတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article