30 C
Yangon

မန္တလေး လွှတ်တော်ရုံးနှင့် ခရိုင်တရားရုံးတို့ကို ပစ်ခတ်တိုက်ခိုက် ၊ ပုသိမ်းကြီးမြို့နယ်၊ ဆင်ရွာကြီးရွာ အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်မှု ပျူစောထီး ၁ ဦးသေဆုံးပြီး လက်နက်နှင့်ခဲယမ်းများ ရရှိ

Must read

မန္တလေး လွှတ်တော်ရုံးနှင့် ခရိုင်တရားရုံးတို့ကို ပစ်ခတ်တိုက်ခိုက် ၊ ပုသိမ်းကြီးမြို့နယ်၊ ဆင်ရွာကြီးရွာ အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်မှု ပျူစောထီး ၁ ဦးသေဆုံးပြီး လက်နက်နှင့်ခဲယမ်းများ ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ ၁၀ လမ်းရှိ မန္တ‌လေးတိုင်းဒေသကြီး လွှတ်တော်ရုံးရှိ အကြမ်းဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြနန္ဒာစစ်ဆင်ရေး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဘန်ကာအတွင်းရှိ အကြမ်းဖက်စစ်သားများမှ နှစ်ချက်ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် အပြစ်မဲ့ပြည်သူလူထုနှင့် ပြည်သူ့ ကာကွယ်ရေး ရဲဘော် များကို မတရား စီရင်ချက်ချမှတ်လျက်ရှိသော မန္တလေးခရိုင်တရားရုံးကို အသံမိုင်း ဖြင့် သတိပေးဖောက် ခွဲခဲ့ကြောင်း သိရသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၊ လမ်း ၆၀ နှင် သိပ္ပံ လမ်းထောင့်ရှိ MTO5 အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံးကို လက်ပစ် မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြိုနယ်၊ဆင်ရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှုးရုံးကို PDF တပ်ဖွဲ့ဝင်များက ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။

PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် ပျူစောထီး သိန်းရွှေ ပွဲချင်းပြီး သေဆုံးပြီး ပျူစောထီး မောင်ပြား ၊ကျော်ရဲထွန်း၊ ခင်ဝေ တို့ ပြင်းထန်ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

PDF တပ်ဖွဲ့ဝင်များက ပျူစောထီး သိန်းရွှေ ကိုင်ဆောင်သော ကာဘိုင်သေနတ် ၁လက်၊ ကျည်ဆန် ၇၀ တောင့်၊ကျည်ဘောက် ၃ခု သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article