31 C
Yangon

မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး အခြေအနေတွေ ကို ဝန်ခံလိုက်ရတဲ့ မင်းအောင်လှိုင် က စစ်ခေါင်းဆောင် တွေကို လုပ်ပိုင်ခွင့်ပိုပေးပြီး ပိုမို ရက်စက် ဖိနှိပ်ဖို့ ပြင်ဆင်

Must read

မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး အခြေအနေတွေ ကို ဝန်ခံလိုက်ရတဲ့ မင်းအောင်လှိုင် က စစ်ခေါင်းဆောင် တွေကို လုပ်ပိုင်ခွင့်ပိုပေးပြီး ပိုမို ရက်စက် ဖိနှိပ်ဖို့ ပြင်ဆင်

By ရန်ကုန်ခေတ်သစ်

ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က သူ ဦး ဆောင်တဲ့ စစ်တပ် အုပ်ချုပ်မှု ၂ နှစ်တာကာလအတွင်းမှာ အုပ်ချုပ်ရေး အခြေအနေတွေ ယိုယွင်းနေတာကို ကာ/လုံ အစည်း အဝေးမှာ တရားဝင် ထုတ်ဖော် ဝန်ခံလိုက်ရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကာ/လုံ အစည်းအဝေးမှာ မင်းအောင်လှိုင်က စစ်တပ်အနေနဲ့ အုပ်ချုပ်မှု သက်တမ်း ၂ နှစ်ပြည့်ပြီ ဖြစ် ပေမယ့် အခြေအနေတွေဟာ မထိန်းနိုင် သေး တာမို့ ထပ်ပြီး သက်တမ်း ၆ လ တိုးပေးဖို့ ကာ/လုံကို တင်ပြလာပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်က ကာ/လုံအစည်းအဝေးမှာ မိနစ် ၄၀ ကျော်ကြာ တစ်ဦးတည်း တင်ပြ ဆွေးနွေးမှုတွေ လုပ်သွားပြီး အဓိက ပြန်ချုပ် မယ်ဆိုရင် တော့ စစ်တပ်အနေနဲ့ နိုင်ငံကို မထိန်းချုပ် နိုင်ဘူးဆိုတာ ဝန်ခံသွားပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၁၉၈ မြို့နယ်မှာသာ လုံခြုံရေး ဆောင် ရွက်နိုင်ပြီး ၁၃၂ မြို့နယ်မှာ မထိန်းနိုင်တော့လို့ လုံခြုံရေး တင်းတင်း ကျပ်ကျပ်လုပ်ဖို့ လိုနေတယ်လို့ မင်းအောင်လှိုင်က ဝန်ခံသွားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်နက်ကိုင် တော်လှန်ရေး ဖြစ်လာတာဟာ ဒေါ် အောင် ဆန်းစုကြည်ရဲ့ ပြည်သူသို့ပန်ကြားချက် ကြောင့် ဖြစ်တယ်လို့ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ပါတယ်။

ကျန်းမာရေးကဏ္ဍမှာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၁၀၃၂၁၄ ဦးရှိတဲ့အနက် CDM ဝင်သူ အရေ အတွက် ၄၇၂၅၄ ဦး ရှိလို့ ကိုဗစ်ရိုက်ခတ်တဲ့ အမြင့်ဆုံး ကာလ မှာ သေဆုံးမှုတွေ များပြားခဲ့ရတယ်ဆိုပြီး CDM ကျန်းမာရေး ဝန်ထမ်းတွေကို မင်းအောင်လှိုင်က အပြစ်ဖို့ပါတယ်။

လက်ရှိ ကျန်းမာရေးကဏ္ဍမှာ တာဝန်ထမ်း ဆောင်သူ ၅၄၇၂၂ ဦး ရှိပြီး အလုပ်ပျက်ကွက်သူ ၄၈၄၉၂ ဦး အနက် ၄၇၂၅၄ ဦးက CDM လုပ်သွားတယ်လို့ မင်း အောင်လှိုင်က ဆိုပါတယ်။

နိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်နေတာကြောင့် နိုင်ငံခြားချေးငွေ တွေ မရတာ၊ ကုလသမဂ္ဂ အကူအညီ တွေ ဘာတစ်ခုမှ မရလို့ နိုင်ငံခြားငွေ ပြတ်လပ်မှု အခက်ကြုံနေရတာကိုလည်း မင်းအောင်လှိုင်က ကာ/အစည်းအဝေးမှာ ညဉ်းတွားပါတယ်။

ငြိမ်းချမ်းရေးကဏ္ဍ မအောင်မြင်တာကတော့ PDF တွေနဲ့ ပူးပေါင်းသွားတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေကြောင့်လို့ အပြစ်တင်ပြီး သူ့အနေနဲ့ရော စစ်တပ်အနေနဲ့ရောကတော့ ငြိမ်းချမ်းရေး တံခါး ဖွင့် ထား တယ်လို့ ဆိုပါတယ်။

ကာ/လုံမှာ မင်းအောင်လှိုင်ကို နောက်ထပ် သက်တမ်း ၆ လ တိုးပေးဖို့ ဆုံး ဖြတ် ပြီးနောက် မင်းအောင် လှိုင်က စစ်ကောင်စီနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်ပါတယ်။

ဒုဝန်ကြီးချုပ်ရာထူးကို ယခင်က စိုးဝင်း တစ်ဦးတည်းကိုပေးခဲ့ရာက ဗိုလ်ချုပ် တွေ ဖြစ်တဲ့ မြထွန်းဦး၊ စိုး ထွဋ်၊ တင်အောင်စန်းတို့ကိုပါ ပေးအပ်လိုက်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး တာဝန်ယူထားတဲ့ ဗိုလ်မှူးချုပ်ဟောင်း ဝင်းရှိန် ကိုလည်း ဒုဝန်ကြီးချုပ် ရာထူးပေးအပ်ပြန်ပါတယ်။

လက်ရှိ မင်းအောင်လှိုင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ စစ်ဗိုလ်ချုပ် ဒုဝန်ကြီးချုပ် ၄ ဦးနဲ့ စစ်မှုထမ်းဟောင်း ဝင်းရှိန်က ဒုဝန်ကြီးချုပ် အဖြစ် စုစုပေါင်း ဒုဝန်ကြီးချုပ် ၅ ဦးပါဝင်လာပါတယ်။ တစ်နည်းအားဖြင့် စစ်တပ်ဗိုလ်ချုပ်တွေကို ဒုဝန်ကြီး ချုပ် ရာထူးတွေ ပေးပြီး လုပ်ပိုင်ခွင့် ပိုပေးလာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကိုလည်း ပြင်ဆင်ဖွဲ့စည်းပြီး ဝဏ္ဏမောင်လွင်(နိုင်ငံခြားရေး ဝန်ကြီးဟောင်း) ဒေါ်ဒွဲဘူ(ကချင် KSPP ပါတီ)၊ ပိုးရယ်အောင်သိန်း(ကြံ့ဖွတ်) ပူဂင့်ကမ်းလျန်(ဖိုမီးဒီမိုကရေစီအဖွဲ့ချုပ်)၊ မောင်ကို (မန္တလေးဝန်ကြီး ချုပ် ဟောင်း)၊ ဒေါက်တာအောင်ကျော်မင်း(ရခိုင်ဝန်ကြီးချုပ်ဟောင်း) ဒေါက်တာ ကျော်ထွန်း(ရှမ်းဝန်ကြီးချုပ်ဟောင်း)၊ ခွန်စံလွင်(PNO ပါတီ)၊ ဦးရန်ကျော် (တသီးပုဂ္ဂလိက နိုင်ငံရေးသမား) တို့ကို စစ်ကောင်စီဝင် အသစ်တွေအဖြစ် မင်းအောင်လှိုင်က ထည့်သွင်း ပြင်ဆင် ဖွဲ့စည်းပြန်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ သိန်းညွန့်၊ ခင်မောင်ဆွေ၊ အေးနုစိန်၊ မောင်း ဟာ၊ စိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးတို့ကိုတော့ အကြံပေးဆိုပြီး စစ်ကောင်စီအဖွဲ့ထဲကနေ ကန်ထုတ်လိုက်ပါတယ်။

စစ်ကောင်စီဝင် ၇ ဦးကို ကောင်စီဝင် အဖြစ်ကနေ အကြံပေးအဖွဲ့ဝင် လို့ ပြောင်းရွှေ့လိုက်တာဟာ မကောင်းတတ်လို့ ပျားရည်နဲ့ ဝမ်းချ ပေးတဲ့ သဘော လည်းဖြစ်ပါတယ်။

အာဏာသိမ်း ၂ နှစ်ပြည့်မှာ နိုင်ငံတစ်ဝန်း ပြည်သူလူထုတစ်ရပ်လုံးကလည်း စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်ကို ပါဝင်ခဲ့ကြတာမို့ စစ်အုပ် ချုပ်ရေး မအောင်မြင်လို့ အရှက်တကွဲ အကျိုးနည်းဖြစ်နေတဲ့ မင်းအောင်လှိုင်ရဲ မျက်ခွက်ကို ပါးဖြတ်ရိုက်သလို ဖြစ်သွား စေခဲ့ပါတယ်။

မင်းအောင်လှိုင်က သူရဲ့ မအောင်မြင်မှုတွေအတွက် စစ်တပ်နဲ့ စစ်ခေါင်းဆောင် တွေကို လုပ်ပိုင်ခွင့်တွေ ပိုပေးပြီး ပြည်သူလူထုကို ပိုမို ဖိနှိပ်တဲ့ စစ်ရာဇဝတ်မှု တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေ နဲ့ ဆက်လက် ရက်စက် သွားမယ့် အခြေအနေတွေ မြင်လာရတယ်လို့ သုံးသပ်မှု တွေလည်းရှိပါတယ်။

အခြားတစ်ဖက်မှာတော့ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ပေမယ့် ပြည်သူတွေရဲ့ ရင်ထဲ အသည်းထဲ တော်လှန်ရေး သွေး မအေးသေးဘဲ အကြမ်းဖက် မင်းအောင် လှိုင်နဲ့ စစ်တပ်ကို အမြစ် ဖြတ်ချေမှုန်းပြီး နိုင်ငံတော်သစ်ဆီ လူထုက ဦးတည် ချီတက်ရေး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီလို့ ပြည်လုံးကျွတ် အသံတိတ် သပိတ် က သက်သေထူခဲ့ပြီဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article