33 C
Yangon

မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အစောင့် စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်တပ်က မြို့ပေါ်နေရာတချို့ကို ပိတ်ဆို့ထား

Must read

မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အစောင့် စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်တပ်က မြို့ပေါ်နေရာတချို့ကို ပိတ်ဆို့ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအစောင့် စစ်တပ်ကို ယနေ့ နံနက်အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ် က အခင်းဖြစ်ပွားရာ အုပ်ချုပ်ရေးမှူးရုံးနှင့် အနီးပတ်ဝန်းကျင်ရှိ လမ်းများကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ် ပွားခြင်းဖြစ်ပြီး နံနက်အစောပိုင်း လက်နက်ကြီး၊ လက်နက်ငယ်အသံများ၊ ဗုံးပေါက်ကွဲသံများဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို စောင့်နေတာ ခွေး ၄ ကောင်လောက်ရှိမယ်။ ဒီမနက် ၅ နာရီ ၃၀ လောက် ဝင်ရောက်ပစ်ခတ်သံကြားရတယ်။ ပေါက်ကွဲ သံရော လက်နက်ငယ်သံရော ဆူညံနေတာပဲ။ စကခ ဘယ်နှစ်ကောင် သေတယ်ဆိုတာ မသိရသေးဘူး။ အခု ရပ်ကွက်ရုံးနဲ့ အဲဒီအနားက လမ်းတွေကို စစ်တပ်နဲ့ရဲတွေ လာစစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

မိုးကုတ်မြို့နယ် တစ်၀ိုက်တွင် TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- လုံခြုံရေးချထားသည့် မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article