31 C
Yangon

မုံရွာမြို့နယ် လဝက ရုံးကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက် စစ်သား ၃ ဦးသေ ဆုံး၊ မင်းကင်း၊ကျော်ရွာတွင် တပ်စွဲထားသော စစ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

မုံရွာမြို့နယ် လဝက ရုံးကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက် စစ်သား ၃ ဦးသေ ဆုံး၊ မင်းကင်း၊ကျော်ရွာတွင် တပ်စွဲထားသော စစ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ မုံရွာမြို့နယ်လဝကရုံးကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Monywa Lighting PDF ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်အစောပိုင်း ၃ နာရီခန့်က မုံရွာမြို့နယ်အတွင်းရှိ ပြည်သူလူထုထံမှ ငွေညှစ်နေသော မြို့နယ်လဝကရုံးကို ပန်းတိုင်လောင်ချာဖြင့် ၃ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးနေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defense Force က တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ ကျော်ရွာတွင် တပ်စွဲထားသော အကြမ်း ဖက်စစ် သား၊ ပျူစောထီးများ၏ စစ်စခန်းကို လက် နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းကျရောက် ပေါက်ကွဲခဲ့ကြောင်း တောင်တွင်းဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက် နေ့လည် ၂ နာရီခန့်က အနီးအနားကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ် ခတ်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၈၀ မမလက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးစခန်းအတွင်း ကျရောက်ပေါက် ကွဲပြီး ထိခိုက်သေဆုံးမှုမသိရသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းကင်း တပ်ရင်း ၅ People Defense Force Taung Dwin Minkin-TDPDF တပ်ဖွဲ့မှ ကိုယ်တိုင်ထုတ်လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပခုက္ကူရှိ နယ်မြေရဲစခန်းတစ်ခုကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်နေသော PDF တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article