34 C
Yangon

မုံရွာ၊ ကျောက်ကြီးတောင် နှင့် ဗောဓိတစ်ထောင် တောင်ပေါ်ရှိ စစ်တပ် အထိုင်စခန်းများကို PDF များ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး စခန်းများကို မီးရှို့ရှင်းလင်း

Must read

မုံရွာ၊ ကျောက်ကြီးတောင် နှင့် ဗောဓိတစ်ထောင် တောင်ပေါ်ရှိ စစ်တပ် အထိုင်စခန်းများကို PDF များ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး စခန်းများကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်ကြီးတောင်နှင့် ဗောဓိတစ်ထောင် တောင်ပေါ်ရှိ စစ်ကောင်စီ အထိုင်စခန်းများကို PDF တပ်ပေါင်းစု ဝင်တိုက်ခိုက်မှု စစ် သား ၇ ဦးသေပြီး စခန်းများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မုံရွာပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်ကြီးတောင် ပေါ်ရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၃ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ ဒဏ်ရာရရှိသူ စစ်သား အများအပြားရှိကြောင်း မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Monywa People Defense Force – MPDF )က ပြောသည်။

အလားတူ ဖေဖော်ဝါရီ ၉ ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်အချိန် ‌‌ဗောဓိတစ်ထောင် တောင်ပေါ်ရှိ စစ်တပ် အထိုင်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင် ၄ ဦးသေကာ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း Monywa People Defense Force – MPDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အချိန်တစ်ပြိုင်နက်တည်းမှာပဲ စခန်နှစ်ခုစလုံးကို ဝင်ရောက် စီးနင်းတိုက်ခိုက်တာပါ။ ကျောက်ကြီးတောင်စခန်းမှာက အင်အား ၇ ကောင်နဲ့ ၁၀ ကောင်ကြားမှာ ရှိပါတယ်။ ဗောဓိ တစ်ထောင်စခန်းမှာက ၁၀ ကောင်ရှိပါတယ်။ စစ် တပ်ဘက်ကနေ ပြန်လည်ပစ်ခတ်တာတွေ ရှိပါတယ်။ ၂၅ မိနစ်ဝန်းကျင် ကြာ မြင့်ပါတယ်” ဟု Monywa People Defense Force- MPDF မှ တာဝန်ရှိသူက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ပွဲကို မုံရွာခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် မုံရွာခရိုင်အမှတ် ၁ တပ် ရင်း၊ MPDF၊ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖတို့ ပူးပေါင်းစီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အကျ အဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article