31.9 C
Yangon

မုံရွာ၊ တောပုရွာ ပျူစောထီးခန်းနှင့် အရာတော်၊ အမှတ် ၁၀ လေ့ကျင့်ရေးတပ်တို့ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး

Must read

မုံရွာ၊ တောပုရွာ ပျူစောထီးခန်းနှင့် အရာတော်၊ အမှတ် ၁၀ လေ့ကျင့်ရေးတပ်တို့ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းနှင့် အရာတော်မြို့နယ်၊ အမှတ် ၁၀ လေ့ကျင့်ရေးတပ်တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး စစ်သား ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်တပ်ဖွဲ့များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာရှိ ပျူစောထီးစခန်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁) တပ် ရင်း (People’s Defence Force – South Monywa)မှ ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က အဆိုပါပျူစောထီးစခန်းအား ၄၀ မမ များ၊ လက်လုပ်ရှော့ဂန်းများ ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၀ မမ လက်နက်ကြီး ၅ လုံးသည် ပျူစောထီးများ စုဝေးရာနေရာသို့ ကျရောက်ပေါက်ကွဲပြီး ပျူစောထီး ၂ ဦးသေဆုံးကာ အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွာနားအထိကပ်ပြီး လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ဝင်တိုက်ခဲ့တာ၊ လက်နက်ကြီး အလုံး ၂၀ ကျော် ပစ်ခဲ့တယ်၊ ရွာထဲအထိဝင်လို့မရဘူး၊ မိုင်းတွေရှိလို့၊ စစ်ခွေးတွေဘက်က လက် နက် ကြီး ၅ လုံး ထက်မနည်းရော၊ လက်နက်ငယ်တွေရော ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်” ဟု People’s Defence Force – South Monywa မှ ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း (People’s Defence Force – South Monywa) ၊

Monywa People’s Liberation Force- ဒေါင်းမင်းစစ် ကြောင်းတပ်ခွဲ၊ Spring Dove၊ Forces our history(ငါတို့သမိုင်း)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ အမှတ် ၁၀ လေ့ကျင့်ရေးတပ် (အရပ်ခေါ် အရှေ့တပ်) ကို ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးအပြင်း အထန်ဒဏ်ရာ ရရှိခဲ့ကြောင်း Danger Force LPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါလေ့ကျင့်ရေးတပ်အား ၈၀ မမ လက်နက်ကြီးဖြင့် ၅ ကြိမ်မြောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးမှုများရှိနိုင်သည်ဟု မြေ ပြင်ကင်းထောက်များထံမှ သိရသော်လည်း အတိအကျမသိရ သေးကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF ၊ ကြယ်နီတပ်ဦး ၊ ပင်လယ်ပျော် သိမ်းငှက် (SFF) ၊ People’s Revolution Force(PRF) ၊ တမန်တော်ပျောက်ကြားတပ်ဖွဲ့ (APOSTLE) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article