38 C
Yangon

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကားအကြီးတစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ မြောင်မြို့မရဲစခန်းကို ဗုံးသီး ၂ လုံးပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

Must read

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကားအကြီးတစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ မြောင်မြို့မရဲစခန်းကို ဗုံးသီး ၂ လုံးပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ဒဏ်ရာရ စစ် သားများ တင်ဆောင်ကာ မုံရွာဘက်သို့ တက်လာသော စစ်ကားကြီးတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း People’s Defense Force – South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Daung Karyen က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၂ နာရီ ၄၅ မိနစ်ခန့်က ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်အနီးရှိ အ ကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ မုံရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကားအကြီး တစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မိုးကာအုပ်ကားကို ထိထိမိမိထိမှန်ခဲ့ပြီး အမြန်မောင်းပြေးသွားကြောင်း သိရသည်။

“ကားပေါ်မှာက ဒဏ်ရာရတဲ့စစ်ခွေး ၂၀ လောက် တင်လာတာလို့ သိရတယ်၊ မိုင်းထိပြီးတော့ ပြန်တောင် မပစ်နိုင်ဘူး၊ အမြန်ကြီးလွှတ်မောင်းသွားတာ၊ မုံရွာမြို့နယ်တောင်ပိုင်းကို ဒီနေ့မနက် ၄ နာရီလောက် ကတည်းက စစ်ကြောင်းတွေထိုးနေတာ၊ အဲဒီကြားထဲကနေ ခက်ခက်ခဲခဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရတာပါ” ဟု မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း People’s Defense Force – South Monywa မှ သတင်းနှင့်ပြန် ကြား ရေးတာဝန်ရှိသူ Daung Karyen က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း (People’s Defense Force – South Monywa)၊ Monywa People’s Liberation Force- ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Forces our history (ငါတို့သ မိုင်း)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော် လည်းအတိအကျမသိရသေးကြောင်း People’s Defense Force – South Monywa ထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲစခန်းကို M 9 ဗုံးသီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၇ နာရီခန့်က အဆိုပါမြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်း အတွင်းရှိ စခန်းမှူးနေအိမ်သို့ ကျရောက်ပေါက်ကွဲကာ ရဲ ၂ ဦးသေဆုံးပြီး ၁ ဦးလက်မောင်းထိမှန် အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မရိုးကုန်းကျေးရွာသို့ မီးရှို့ရန် လာသော အကြမ်းဖက်စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)၊ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း၊ MNPDF Myintnge နှင့် Zarmani Revolution Force-MMU Myaung တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေးအခြေအနေအရ ယခုမှ သတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အသုံးပြုနေသည့် လက်လုပ်မိုင်းတချို့။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article