32 C
Yangon

မုံရွာ- ပုသိမ်လမ်း၊ ရဲတပ်ရင်း ၂၈ ဂိတ်ပေါက်တွင် ပိုက်ဆံတောင်းနေသော ရဲ ၂ ဦးကို အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၁ ဦးသေ ဆုံး

Must read

မုံရွာ- ပုသိမ်လမ်း၊ ရဲတပ်ရင်း ၂၈ ဂိတ်ပေါက်တွင် ပိုက်ဆံတောင်းနေသော ရဲ ၂ ဦးကို အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၁ ဦးသေ ဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ- ပုသိမ်လမ်းကြီးပေါ်ရှိ အမှတ် ၂၈ ရဲတပ်ရင်း ရှေ့ဂိတ်တွင် ပိုက် ဆံ တောင်းနေသော ရဲ ၂ ဦးကို အနီးကပ်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း National Revolutionary Guards တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၉ ရက်​နေ့ ညနေ ၃ နာရီခွဲခန့်အချိန် အမှတ် ၂၈ ရဲတပ်ရင်း ဂိတ်ပေါက်တွင် ခရီးသွားပြည်သူများ ကို အဓမ္မငွေကြေးကော်ကခံနေသော စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးက ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၏ ကားကိုပိုက်ဆံတောင်းရန် တားဆီးချိန် အော်တိုမောင်း ပြန်အရှည်ဖြင့် ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားနဲ့သွားပစ်ခဲ့တာ၊ သူတို့(ရဲ)တွေက ပိုက်ဆံတောင်းဖို့ လာတားတဲ့အချိန် ဝိုင်းပစ်လိုက်တာ၊ ကိုးယို့ကားယားနဲ့ဖြစ်သွားတာ၊ သေနတ်ဂျန့်ဖြစ်သွားလို့ လက်နက်မရဘဲ တစ်ကောင်ပဲ ပစ်သတ်နိုင်ခဲ့တာ၊ သေနတ် ဂျန့်မဖြစ်ရင် လက်နက်ပါရမှာ” ဟု National Revolutionary Guards တပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို National Revolutionary Guards (NRG-PDF Sailngyi)မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article