37 C
Yangon

မူဆယ်မြို့လယ်တွင် ရဲအုပ်ဟိန်းဇော်ဌေး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မူဆယ်မြို့လယ်တွင် ရဲအုပ်ဟိန်းဇော်ဌေး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်၊ မူဆယ်မြို့လယ်ခေါင် နာရီစင်အနီးရှိ အလှပြင်ဆိုင်တွင် ရဲအုပ် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မူဆယ်မြို့ နာရီစင်အနီးရှိ အလှပြင်ဆိုင်တွင် ရဲအုပ် ဟိန်းဇော်ဌေးကို အမည်မသိ သေနတ် သမား ၂ ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ရဲအုပ်က ပစ်ခံရပြီးတော့ ပွဲချင်းပြီးသေသွားတယ်။ အလှပြင်ဆိုင်မှာပစ်ခံရတာ ပြီးတော့ နာရီစင်နားမှာလည်း ဗုံးပေါက်တယ်။ အခုရဲတွေကော စစ်သားတွေကော လမ်းတွေ ပိတ်ပြီး ဆဲဆိုနေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article