34 C
Yangon

မူဆယ်-ကွတ်ခိုင်၊ သပိတ်ကျင်း၊ ယင်းမာပင်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများပြား

Must read

မူဆယ်-ကွတ်ခိုင်၊ သပိတ်ကျင်း၊ ယင်းမာပင်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများပြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်-ကွတ်ခိုင် နယ်စပ်၊ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တို့တွင် ယနေ့တိုက်ပွဲများဖြစ် ပွားပြီး စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားကြောင်း ဒေသကာကွယ်ရေးတပ် များထံမှ သိရှိရသည်။

မူဆယ်-ကွတ်ခိုင်နယ်စပ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးသူများသော ကြောင့် တိုက်လေယာဉ် ဖြင့် ဗုံးကျဲ

=========================================

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့်ကွတ်ခိုင်မြို့နယ်အစပ် တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများသေဆုံးနေပြီး အကြမ်းဖက်စစ်ကောင်စီလေတပ်မှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက် ခိုက်နေကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၈ နာရီခန့်မှ စ၍ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ တပ်မ ဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် တပ်မ ၉၉ လက် အောက်ခံတပ်ဖွဲ့များနှင့် မူမြို့ဆယ်မြို့နယ် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များကို KIA တပ်ဖွဲ့မှ ခုခံတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိများအပါအဝင် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများ သေဆုံးသည်အထိ ကျရှုံးနေသ ဖြင့် နေ့လည် ၁၂ နာရီ ၄ မိ နစ် တွင် တံတားဦးလေဆိပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဖြင့် ၁ နာရီခွဲ အထိ ၃ ကြိမ်လှည့် ပတ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ နေ့လည် ၁ နာရီ ၄၆ မိနစ်တွင်လည်း မြစ်ကြီး မြို့ လေတပ်စခန်းမှ တိုက် လေယာဉ်တစ်စီးပျံတက်လာပြီး ၁ နာရီ ၅၆ မိနစ်မှ စတင်ကာ ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း၊ တံတား ဦး လေဆိပ်မှလည်း ညနေ ၃ နာရီ ၅၈ မိနစ်တွင် ဂျက်ဖိုက်တာတိုက်လေယာဉ် တစ်စီး ထပ်မံတက်လာ ကာ ၄ နာရီ ၂၂ မိနစ်တွင်ထပ်မံဗုံး ကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် KIA တပ်နှင့်စတင်တိုက်ပွဲဖြစ်ခဲ့ရာ သေဆုံးသွားသော ရာထူးကြီးသူများကို ပလပ်စတစ်အုပ်ကာ Light Truck ကားဖြင့် သယ်ယူသွားကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် နေ့ကလည်း တိုက်ပွဲအတွင်းသေဆုံးသွားသော စစ်သားအရာရှိကြီးများကို 4 Wheel ကား ၃ စီးဖြင့် သယ် ဆောင်သွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော လက်အောက်ငယ်သား စစ်သားအလောင်းများမှာ သယ်ယူ ခြင်းမခံရ ပဲ စုပုံလျက်ရှိကြောင်းနှင့် KIA တပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မသိရသေးပေ။

မြတောင်တိုက်ပွဲသို့ စစ်ကူလာသော စစ်ကား တစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ

========================================

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ၄ မိုင် ကျေးရွာမှ ထီးချိုင့်မြို့နယ်၊ မြတောင် ကျေးရွာအထက်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲသို့ စစ်ကူပေးရန် ထွက်လာသော စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် သားများ ထိခိုက်သေဆုံးနိုင်ကြောင်း တကောင်း PDF မှ သတင်းနှင့်ပြန် ကြား ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် အင်အား ၄၀ ခန့်ဖြင့် စစ်ကူပေးရန် ထွက် လာသော အကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ၁၂ ဘီးကားတစ်စီးကို သစ်တပင်ကျေးရွာ အနီး အရောက် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား ကို ထိထိမိမိထိမှန်ပြီး အကြမ်းဖက်စစ်သား များထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“မိုင်းဆွဲလိုက်တဲ့ အချိန် ကားက ထိုးရပ်သွားတယ်၊ ထိုးရပ်သွားတဲ့အချိန် ကွက် တိပဲ မိုင်းက ဘော်ဒီကို ထိသွားတာ၊ စစ်ခွေးသေဆုံးထိခိုက်နိုင်ပေမယ့် အတိ အကျမသိရသေးဘူး၊ မြတောင်အထက်ဘက် တိုက် ပွဲကို စစ်ကူသွားတဲ့ကားပါ၊ အဲဒီအထိတော့ ကားကမရောက်နိုင်ဘူး၊ နီကယ်စက်ရုံလောက်ပဲ ရောက်မှာ၊ မြတောင်တိုက်ပွဲအခြေအနေကတော့ မသိရသေးဘူး” ဟု တကောင်း PDF မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို တကောင်း ပကဖ နှင့် Special 9-HPDF ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘ ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းများ တွေ့ရှိပါက အချိန်မှီ သတင်းပို့ ပေးပါ ရန်၊ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းများနှင့် ဝေးဝေးမှ သွားလာနေထိုင်ကြရန် တကောင်း ပကဖ က သတိပေးထားသည်။

ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံး

===========================================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း Chindwin Toe Na Yar တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ယင်းမာပင်မြို့ပန်းခြံ၊ ရဲစခန်း၊ စုပေါင်းရုံးတို့တွင် တပ် စွဲနေရာယူထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၉ ၊ Chindwin Toe Na Yar PDF ၊ Real Hero ၊ Jungle Hunter Revolution Force ၊ Tritle Two တပ် ဖွဲ့ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၁ နာရီအထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article