28 C
Yangon

မော်လိုက်မြို့၊ မြို့နယ်ပညာရေးမှူးရုံးကို ပြောက်ကျား အဖွဲ့က မီးရှို့ တိုက်ခိုက်ခဲ့ပြီး ရုံးတစ်ခုလုံးပြာကျ

Must read

မော်လိုက်မြို့၊ မြို့နယ်ပညာရေးမှူးရုံးကို ပြောက်ကျား အဖွဲ့က မီးရှို့ တိုက်ခိုက်ခဲ့ပြီး ရုံးတစ်ခုလုံးပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၊ မြို့နယ်ပညာရေးမှူးကို Mawlaike ပြောက်ကျား အဖွဲ့က မီးရှို့ တိုက်ခိုက်ခဲ့ ရုံးတစ်ခုလုံး ပြာကျခဲ့ကြောင်း မော်လိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ်တွင် မော်လိုက်မြို့၊ မြို့နယ်ပညာရေးမှူးရုံးကို Mawlaike ပြောက်ကျားအဖွဲ့က မီးရှို့တိုက်ခိုက်ခဲ့ပြီး ပညာရေးမှူးရုံး ပြာကျခဲ့ကြောင်း သိရသည်။

” ဒီကနေ့ နံနက်ပိုင်း ၁ နာရီ ၄၀ ခန့်က မီးလောင်တာပါ။ ၂ နာရီလောက်မှာပဲ ပြာကျသွားတယ်။ ကွန်ကလစ်လမ်းပြုပြင်နေတော့ မီးသတ်ကားတွေ အတော်နဲ့ဝင်မရဘူး။ ပြာကျပြီးမှ ပဲဝင်လို့ရသွားတယ်။ စနစ်သစ် Grade 11 တွေက စာမေးပွဲဖြေနေတာ ဒီကနေ့ဆိုပြီးပြီ စနစ်ဟောင်း ၁၀ တန်းတွေ ဖြေမယ့် ဖောင်ကဒ်တွေတော့ အကုန်ပါကုန်တယ်လို့ကြားတယ်။ Mawlaike ပြောက်ကျားအဖွဲ့က ဝင်ရောက် စီးနင်း မီးရှို့ခဲ့တာပါ။ ရုံးအရှေ့ မျက်နှာစာက အုတ်နည်းနည်းနဲ့ အနောက်ဘက်က အုတ်နည်းနည်းပဲကျန်ပြီး အကုန် ပြာကျသွားတယ်” ဟု မော်လိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article