37 C
Yangon

မြင်းမူတွင် ကြက်သွန်စိုက် အမျိုးသမီးများကို စစ်တပ်က ဖမ်းဆီးသွားပြီး ကန် တော်ရွာမှ ဘုန်းကြီးကျောင်း ၃ ကျောင်း အပါအဝင် နေအိမ် ၁၅ လုံးကျော် ကို မီးရှို့ ဖျက်ဆီး၊ ဖမ်းဆီးခံ အမျိုးသမီးများ သတင်းအစအန ပျောက်ဆုံးနေ

Must read

မြင်းမူတွင် ကြက်သွန်စိုက် အမျိုးသမီးများကို စစ်တပ်က ဖမ်းဆီးသွားပြီး ကန် တော်ရွာမှ ဘုန်းကြီးကျောင်း ၃ ကျောင်း အပါအဝင် နေအိမ် ၁၅ လုံးကျော် ကို မီးရှို့ ဖျက်ဆီး၊ ဖမ်းဆီးခံ အမျိုးသမီးများ သတင်းအစအန ပျောက်ဆုံးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို အကြမ်းဖက်စစ်တပ်မှ ဝင် ရောက် စီးနင်းပြီး ဘုန်းကြီး ကျောင်း ၃ ကျောင်းအပါအဝင် နေအိမ် ၁၅ လုံး ကျော် ကို မီးရှို့ဖျက်ဆီးကာ ကြက်သွန်စိုက်နေသည့် အပြစ်မဲ့ပြည်သူအမျိုးသမီး များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူတစ်ဦးမှ ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၉ နာရီခန့်က စစ်ကြေင်းထိုးဝင် ရောက် လာသော အကြမ်းဖက် စစ်သားများသည် ကန်တော်ကျေးရွာ၊ ကန်ဖျား ကျေးရွာတို့ကို ဝင်ရောက်စီးနင်းပြီး ကန်တော်ကျေးရွာမှ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ နေအိမ် ၁၅ လုံးကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မနေ့က ကန်တော်ရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို မီးရှို့သွားတာ၊ ဒီနေ့မနက်က ကြက်သွန် စိုက်နေတဲ့ အမျိုးသမီးတွေကို ဖမ်းခေါ်သွားတယ်၊ ဘယ်နှစ်ယောက်ပါသွားလဲတော့ အတိအကျမသိရ ဘူး၊ အနားလည်း မကပ်ရဲ ဘူး၊ အခုက စစ်တပ်က ကန်သာအေးရွာထဲရောက်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးမှ ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကြောင်းက ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင် ကန်သာအေးရွာ ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာရာ လမ်းဘေးလယ်ယာထဲတွင် ကြက် သွန် စိုက်နေသူ အမျိုး သမီးများကို ဖမ်းဆီးသွားပြီး အမျိုးသမီးအများစုမှာ လူငယ်နှင့် လူလတ်ပိုင်းအရွယ်များဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့က ယမန်နှစ် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ များ ကို မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article