36 C
Yangon

မြင်းမူတွင် စစ်တပ်နှင့် PDF မဟာမိတ်တပ် များအကြား တိုက်ပွဲဖြစ်ပြီး စစ် သား ၁၇ ဦး သေဆုံး၊ PDF ၂ ဦး ကျဆုံးပြီး စစ်တပ်က ဓားစာခံ ၂ ဦးကို ခေါင်း ဖြတ် သတ်

Must read

မြင်းမူတွင် စစ်တပ်နှင့် PDF မဟာမိတ်တပ် များအကြား တိုက်ပွဲဖြစ်ပြီး စစ် သား ၁၇ ဦး သေဆုံး၊ PDF ၂ ဦး ကျဆုံးပြီး စစ်တပ်က ဓားစာခံ ၂ ဦးကို ခေါင်း ဖြတ် သတ်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF မဟာမိတ်တပ် ပေါင်း စု များအကြား ယမန်နေ့ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၁၇ ဦး သေဆုံးကာ PDF ၂ ဦး ကျဆုံး ကြောင်း မြင်းခြံခရိုင် Zero ပြောက်ကျား တပ်ဖွဲ့မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်က အင်အား ၈၀ ခန့်ဖြင့် ကလေးငယ် ၂ ဦးကို ဖမ်းဆီးပြီး Zero ပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းရှိရာ နေရာသို့ စစ်ကြောင်း ထိုးဝင်ရောက် ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များက တိုက်မိုင်း၊ နင်းမိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပြန် လည် ခုခံတိုက်ခိုက်ခဲ့ရာ ည ၇ နာရီခန့်အထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရ သည်။

“ဖမ်းခေါ်လာတဲ့ ကလေးနှစ်ယောက်ကို စခန်းရှိတဲ့နေရာ လိုက်ပြခိုင်းတယ်၊ စခန်း ရောက်တော့ အဲဒီ ကလေး ၂ ယောက်ကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ပစ်ခဲ့တယ်၊ ကလေးတွေက အသက် ၁၂ နှစ်၊ ၁၃ နှစ်လောက်ပဲရှိဦးမယ်၊ စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်၊ ဖမ်းမိတဲ့ ရဲဘော်နှစ်ဦးကိုလည်း ကန်တော် ဘုန်းကြီးကျောင်းထဲမှာ ခေါင်းဖြတ်သတ် ခဲ့သ လို အခြားဘုန်းကြီးကျောင်း ၂ ကျောင်း ကိုလည်း မီးရှို့ ဖျက်ဆီးသွားပါတယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း ၇ မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး တစ်ဦး ခြေထောက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဆားတောင်မိုးကြိုးတပ်ဖွဲ့မှ PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး စစ်သားများ၏ မီးရှို့ဖျက်ဆီးမှု ကြောင့် Zero ပြောက်ကျား တပ်ဖွဲ့ ၏ ယာယီ စခန်းမှ သိန်း ၁၀၀ ဝန်းကျင် မီးစက်တလုံးအပါအဝင် သိန်း ၂၀၀ ဝန်းကျင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်တပ်ကို ခုခံတိုက်ခိုက်ရာတွင် ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင် တပ် ရင်း ၇)၊ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ ၊ စစ်ကိုင်း ခရိုင် တပ်ရင်း ၂ ၊ ဆားတောင် မိုးကြိုးအဖွဲ့ နယ်မြေခံလက်နက်ကြီး အဖွဲ့ နှင့် နယ် မြေခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF)များပူးပေါင်း ခုခံ တိုက်ခိုက် ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ PDF တပ်များ၏ စစ်ရေးသင်တန်းတက်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article