29 C
Yangon

မြင်းမူတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇ နှစ် အရွယ် မအိအိချွန် မျက်လုံးကျွတ်၊ ဦးခေါင်းထိမှန်ဒဏ်ရာရပြီး အမျိုးသမီး ၁ ဦး လည်း ပြင်းထန်ဒဏ်ရာရရှိ

Must read

မြင်းမူတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇ နှစ် အရွယ် မအိအိချွန် မျက်လုံးကျွတ်၊ ဦးခေါင်းထိမှန်ဒဏ်ရာရပြီး အမျိုးသမီး ၁ ဦး လည်း ပြင်းထန်ဒဏ်ရာရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇ နှစ် အရွယ် မအိအိချွန် မျက်လုံးကျွတ်ထွက်ပြီး ဦးခေါင်းထိမှန်သွားကာ အမျိုးသမီး ၁ ဦး လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာရရှိ ကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ စစ်တပ်နှင့်ပျူစောထီး စခန်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်ကျေးရွာများကို ပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် မူးမြစ်တစ်ဖက်ကမ်း၊ မြင်းမူမြို့နယ်၊ ဂုဏ်ညင်းဆိပ်ကျေးရွာနေ အသက် ၇ နှစ် အရွယ် မအိအိချွန်၏ ဘယ်ဘယ်မျက်လုံးကို လက်နက်ကြီးစ ထိမှန်၍ မျက်လုံး ကျွတ်ထွက်သွားပြီး ဦးခေါင်းကိုပါ ကျည်ထိမှန်သွားကြောင်း၊ အသက် ၂၅ နှစ်အရွယ် မဆုမွန်ဇော်လည်း နောက်ကျောတွင် လက်နက်ကြီးစ ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။

“ဒီနေ့ စစ်ကိုင်းမြို့နယ် ကြွယ်ပုံ(ပျူ)ရွာမှာ ရှိနေတဲ့ စစ်ခွေးနဲ့ ပျူတွေက ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို ပစ်ခတ်လို့ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ၊စံသစ်၊ရွာထောင်၊တောင်မြို့ ကျေးရွာမှပြည်သူများထွက်ပြေးနေရပါတယ်။ အဲဒီလို ရမ်းသမ်းပစ်ခတ်တာကြောင့် မူးမြစ်တစ်ဖက်ကမ်း မြင်းမူမြို့နယ် ဂုဏ်ညင်းဆိပ်ရွာနေ ဦးစန်းအောင်ရဲ့ သမီး အသက် ၇ နှစ်အရွယ် မအိအိချွန် ဘယ်မျက်လုံးကျွတ်ထွက် ဦးခေါင်းထိထားတယ်။ အသက် ၂၅ နှစ်အရွယ် မဆုမွန်ဇော်လည်း နောက်ကျောကို လက်နက်ကြီး ထိထားတယ်။ အသက် အန္တရာယ် စိုးရိမ်ရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article