34 C
Yangon

မြင်းမူနှင့် ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မတ္တရာတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မြင်းမူနှင့် ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မတ္တရာတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း People’s knight Defense Force Myinmu အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အရာတော်မြို့နယ် ကန်ရင်း၊ မလဲသာရွာနှင့် မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာ၊ ညောင်ပင်ကန်ရွာတို့ကို မီးရှို့လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်တော်ကျေးရွာ အရောက်တွင် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း ဆပ်ပြာကျင်း ကျေးရွာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသော စစ်တပ်ကို PDF တပ်ဖွဲ့များက လက်လုပ် အပေါ့စား လေယာဥ်များဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး ပထမ အကြိမ်တွင် လက်နက်ကြီးပစ်ကူပေးသောနေရာကို ထိမှန်ခဲ့ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုသည် jammer ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ People’s Army To Fight Dictatorship ၊ Dog Killers Defense Force ( DKPDF -MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU စသော မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရရှိရသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၁၁ နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှ အင် အား ၁၀၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို GZ Special Task Force- Wetlet တပ်ဖွဲ့ဝင်များမှ ပဒေသာ မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း GZ Special Task Force- Welet ထံမှ သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီခန့်က အင်အား ၅၀ ခန့် ဖြင့် အောက်တောင်ကိုင်းရွာ ဘုန်းကြီး ကျောင်းအတွင်းတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီး ၂ လုံးကျဲ ချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများကို ဒရုန်းကင်မရာမှတဆင့် မြင်တွေ့ရသော်လည်း လေတိုက် နေသည့်အတွက် ကောင်းမွန်စွာ တိုက်ခိုက်နိုင်ခြင်းမရှိပဲ စစ်သား ၁ ဦးသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“သေတော့သေလောက်ဖူး၊ ဒဏ်ရာရတာအရာရှိလို့ သတင်းထွက်နေတယ်၊ အတည်ပြုလို့မရတော့ မရ သေးဘူး၊ တစ်ယောက်ဒဏ်ရာရတာကတော့သေချာတယ်၊ ပြန်ပစ်တာမျိုးတော့မရှိဘူး၊ ရွာသူရွာသား တွေအနေနဲ့ စစ်ခွေးတွေနဲ့ပူးပေါင်းနေတယ်လို့ သိရတဲ့အတွက် တိုက်ခိုက်လို့ တစ်စုံတစ်ရာထိခိုက်ခဲ့ရင် တာဝန်ယူမှာမဟုတ်ပါဘူး” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article