31 C
Yangon

မြင်းမူမြို့နယ်၊ ကန်တော်ရွာကို စစ်တပ်က ယခု ညပိုင်း မီးတင်ရှို့နေ

Must read

မြင်းမူမြို့နယ်၊ ကန်တော်ရွာကို စစ်တပ်က ယခု ညပိုင်း မီးတင်ရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မြင်းမူမြို့နယ်၊ ကန်တော်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းအထိ မီးတင်ရှို့နေကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ကန်တော်ရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်​ပြီး လက်ရှိ ညပိုင်းချိန်အထိ မီးရှို့ ဖျက်ဆီးလျက် ရှိကြောင်း သိရသည်။

” အခုချိန်ထိတော့ ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့သတင်းမရသေးဘူး။ စစ်ကြောင်း မလာခင်တည်းက ပြည်သူတွေက စစ်ကြောင်းရောက်လာနိုင်တာမို့ ကြိုတင်ရှောင်ထားတယ်လို့ သိရတယ်” ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article