28 C
Yangon

မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို ယနေ့နံနက်ပိုင်း PDF တပ်များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြို့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ

Must read

မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို ယနေ့နံနက်ပိုင်း PDF တပ်များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြို့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေ ယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက် ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိလာကာ ပြည်သူလူထုနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်မှ တင်ပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျက် ရှိရာ ဒေသခံပြည်သူအမြောက်အများထွက်ပြေးနေရပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မသိရသေး ကြောင်း၊ ပခုက္ကူမြို့မှလည်း စစ်ကြောင်းများဝင်ရောက်လာပြီး မြို့ပေါ်နှင့် ကျေးရွာရပ်ကွက်များကို ပစ်ခတ်နေကြောင်း သိရှိရသည်။

“စစ်တပ်က မြစ်ခြေမြို့ကို လေကြောင်းကနေ အနိုင်ကျင့်နေတာ၊ မနက် ၉ နာရီ မိနစ် ၂၀ ကလည်းက ပစ်နေတာ အခုထိပဲ၊ မြစ်ခြေမြို့ပေါ်ရပ်ကွက်ပြည်သူတွေ ပြေးနေရတယ်၊ စစ်ခွေး၊ပျူခွေးတွေ ပတ်ရမ်း နေတာအနီးအနားကကျေးရွာတွေရောပဲ၊ ပြည်သူတွေထိခိုက်မှုအခြေအနေက မသိရသေးဘူး၊ စစ်ခွေး တွေက ပတ်ရမ်းပြီးလေယာဉ်ကလည်း ပစ်နေတုန်းဆိုတော့” ဟု မြစ်ခြေမြို့ခံတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article