29 C
Yangon

မြတောင်တိုက်ပွဲတွင် အထိနာပြီး မန္တလေးသို့ ဆုတ်ခွာလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား အများအပြား သေဆုံးဟုဆို

Must read

မြတောင်တိုက်ပွဲတွင် အထိနာပြီး မန္တလေးသို့ ဆုတ်ခွာလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား အများအပြား သေဆုံးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ပေါ်တော်မူကျေးရွာအနီးတွင် မြတောင်တိုက်ပွဲမှ အထိနာပြီး မန္တလေးသို့ ဆုတ်ခွာ ဆင်းလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တကောင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၅ နာရီ မိနစ် ၂၀ က တပ် မ ၈၈ မှ အင်အား ၁၀၀ ခန့်ပါ ၆ ဘီးကား ၃ စီး ကို တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့ထွက်မိုင်း ၃ လုံး၊ ပဒေသာမိုင်း ၂ လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိမှန်ပျက်စီးသွားပြီး ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးကာ ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကသာမြို့နယ်ထဲမှာ မီးလှည့်ရှို့နေတဲ့ တပ်မ ၈၈ က စစ်သားတွေ၊ မြတောင်အထက်ဘက် တိုက်ပွဲ မှာအထိနာပြီး မန္တလေးဘက်ဆင်းလာတာ၊ မိုင်းဆွဲလို့သေသွားတဲ့ စစ်ခွေးတွေနဲ့ ဒဏ် ရာရ စစ်ခွေးတွေကို တကောင်းမြို့က 4 Wheel ကားတွေနဲ့ သယ်သွားတယ်” ဟု တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာ အထက်ဘက်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစ၍ ယင်းတပ်မ ၈၈ လက်အောက်ခံတပ်သားများနှင့် ကသာခရိုင်တပ်ရင်း ၃ ၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာခဲ့သော စစ်သားများကို​ စစ်ကူပေးရန်သွားရောက်သည့် တကောင်းတိုက်နယ်၊ ၄ မိုင်ကျေးရွာမှ စစ် ကူစစ်ကြောင်းကိုလည်း မိုင်းဆွဲကာ ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article