30 C
Yangon

မြန်မာပြည်သူများကို လေကြောင်းမှ ဗုံးကျဲ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူပေးရေးနှင့် No Fly Zone သတ်မှတ်ပေးရေး ချီတက် ဆန္ဒပြ

Must read

မြန်မာပြည်သူများကို လေကြောင်းမှ ဗုံးကျဲ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူပေးရေးနှင့် No Fly Zone သတ်မှတ်ပေးရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အမေရိကန်နိုင်ငံ၊ Washington DC မြို့တော်တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ မြန်မာပြည်သူများကို လေကြောင်းမှ ဗုံးကျဲ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ပြင်းပြင်း ထန်ထန် အရေးယူပေးရေးနှင့် No Fly Zone သတ်မှတ်ပေးရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် End Deadly Air Strike (လေယာဥ်ဖြင့် ဗုံးကြဲခြင်းကို အဆုံးသတ်ရေး)၊ Impose No Fly Zone in Myanmar (လေယာဥ်မပျံသန်းရ နယ်မြေသတ်မှတ်ရေးနှင့် Reject Junta’s Sham Election (စစ်ကောင်စီ၏ ရွေးကောက်ပွဲကြိုးပမ်းမှုကို ဆန့်ကျင်ရေး) စသည့် အချက်များ တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်း ချီတက် ဆန္ဒပြပွဲကို အမေရိကန်နိုင်ငံခြားရေးရုံးမှ စတင်ပြီး အမေရိကန် သမ္မတနေထိုင်ရာ White House သို့ ရာသီဥတု အင်မတန်ဆိုးရွားသည့်ကြားမှ ရာပေါင်းများစွာသော မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံတို့ ချီတက်ဆန္ဒပြခဲ့ကြောင်း၊ ဆန္ဒပြပွဲကို ကချင်၊ကရင်၊ချင်း၊ရခိုင်၊ဗမာတိုင်းရင်းသား ခေါင်းဆောင်များ သာမက American Baptist Churches မှ Mrs.Joan Friesen ကလည်း စစ်ကောင်စီ၏ ရက်စက်ကြမ်းတမ်းယုတ်မာသော လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုများကို ရပ်တန့်ရန် တခဲနက် တောင်းဆိုခဲ့ကြောင်းသိရသည်။

စစ်ကောင်စီက အပြစ်မဲ့ ပြည်သူများကို ရက်စက်စွာ ဗုံးကျဲသတ်ဖြတ်မှုကို ဖော်ထုတ်သရုပ်ဖော်သည့် ပြဇာတ်ကိုလည်း အိမ်ဖြူတော်ရှေ့၌ တင်ဆက်ပြသခဲ့ကြောင်း၊ ဆန္ဒပြပွဲ အပြီးတွင် ပြည်နယ်အသီးသီးက တိုင်းရင်းသားခေါင်းဆောင်များနဲ့ NUG ဝန်ကြီး ဦးထိန်လင်းအောင် တို့ တရင်းတနှီးတွေ့ဆုံဆွေးနွေးပွဲကို NUG ရုံးခန်း၌ ပြုလုပ်ခဲ့ကြပြီး ရှေ့ဆက်တော်လှန်ရေး၌ ပိုမိုထိရောက်စွာ ပူးပေါင်းလုပ်ဆောင်ကြမည့်အရာများကို ဆွေးနွေးခဲ့ကြ​ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article